Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါငံခါးရွာတိုက်ပွဲတွင်း​ပျောက်ဆုံးခဲ့သော ရဲဘော်ဇော်ဝင်းထွဋ် ​လေးရက်​မြောက်​​နေ့တွင် ဒဏ်ရာများဖြင့် အသက်ရှင်လျက်ပြန်တွေ့

တိုက်ပွဲဖြစ်ပွားပြီး လူစုကွဲသွားမှု​ကြောင့် တပ်ရင်း (A)တွင် တာဝန်ထမ်း​ဆောင်ခဲ့သော ရဲ​ဘော်​မောင်​ဇော်ဝင်းထွဋ်ကို ယနေ့(မေ ၄ ရက်)ညနေ ၅ နာရီခန့်တွင် ပြင်းထန်​သောဒဏ်ရာဖြင့် ပြန်လည်​တွေ့ရှိခဲ့ကြောင်း အသိပေးသည်။

​ဒေါငံခါးရွာတိုက်ပွဲအတွင်း​ ပျောက်ဆုံးခဲ့သော ရဲဘော် ​ဇော်ဝင်းထွဋ်အား ​လေးရက်​မြောက်​​နေ့တွင် ဒဏ်ရာများဖြင့် အသက်ရှင်လျက်ပြန်လည်​တွေ့ရှိကြောင်း DMO-Local PDF က ထုတ်ပြန်သည်။

ဧပြီ ၃၀ ရက်က ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ​ဒေါငံခါး​ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒီးမော့ဆို Local PDF တပ်ဖွဲ့ ဗျူဟာ (၃)မှ A ၊B၊ F၊ J တပ်ရင်းတပ်ခွဲ အချို့၊အလယ်ပိုင်းတိုင်း (၁၁၀၂) ပူးပေါင်းတပ်ဖွဲ့ကြားတိုက်ပွဲ၌ ရဲဘော်ဇော်ဝင်းထွဋ်မှာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ​​​ပျောက်ဆုံးခဲ့​သော ရဲ​ဘော်​​ ​မောင်​ဇော်ဝင်းထွဋ်ကို DMO-Local PDF ဗျုဟာ(၃) ရှိ A၊B၊F၊J တပ်ရင်းတပ်ခွဲအချို့မှ ​လေးရက်တိတိလိုက်လံရှာ​ဖွေခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားပြီး လူစုကွဲသွားမှု​ကြောင့် တပ်ရင်း (A)တွင် တာဝန်ထမ်း​ဆောင်ခဲ့သော ရဲ​ဘော်​မောင်​ဇော်ဝင်းထွဋ်ကို ယနေ့(မေ ၄ ရက်)ညနေ ၅ နာရီခန့်တွင် ပြင်းထန်​သောဒဏ်ရာဖြင့် ပြန်လည်​တွေ့ရှိခဲ့ကြောင်း အသိပေးသည်။

ရဲ​ဘော်​မောင်​ဇော်ဝင်းထွဋ်သည် ​လေးရက်တိတိ အစာမစားရဘဲရှိ​နေခဲ့ပြီး ၎င်း၏ သတ္တိ၊ ဇွဲ၊ လုံလ၊ ဝိရိယသည် တပ်ဖွဲ့အ​နေဖြင့် ​ဝမ်း​မြောက်စွာ ဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လက်ရှိတွင်ရဲ​ဘော်​​မောင်​ဇော်ဝင်းထွဋ်ကို ဘေးကင်းရာသို့ပို့ဆောင်၍ ဆေးကုသ​ပေး​နေပြီဟုလည်းပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆိုက ဆိုသည်။