Connect with us

Hi, what are you looking for?

News

PDF ရဲဘော်များရန်သူကိုထိရောက်စွာ ချေမှုန်းနိုင်စေရန်ကူညီသည့် ပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကျေးဇူးတင်ကြောင်း ယာယီသမ္မတပြော

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် လက်ရှိတွင် တပ်ရင်းပေါင်း ၂၅၀ ကျော်ဖြင့် ဖွဲ့စည်းထားခဲ့ပြီး လူအင်အား တောင့်တင်းလာနေပြီဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့သည် တဖြည်းဖြည်းနှင့် အင်အားကြီးမားလာပြီး ရန်သူစစ်ကောင်စီတပ်ကို ထိရောက်စွာချေမှုန်းနိုင်လာပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ (မေလ ၅ရက်) ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့်အမှာစကားတွင် ယာယီသမ္မတက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် လက်ရှိတွင် တပ်ရင်းပေါင်း ၂၅၀ ကျော်ဖြင့် ဖွဲ့စည်းထားခဲ့ပြီး လူအင်အား တောင့်တင်းလာနေပြီဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။

“ပထမပိုင်းမှာ လက်လုပ်သေနတ်တွေနဲ့ ဖြစ်သလို တော်လှန်လာခဲ့ကြပေမယ့် အခုအချိန်မှာတော့ ပြည်သူလူထုရဲ့ ဝိုင်းဝန်းကူညီမှု တီထွင် ကြံဆမှုကြောင့် လက်နက်ကောင်းတွေလည်း ကိုင်လာနိုင်ကြပြီဖြစ်ပါတယ်။ဒါကြောင့်မို့လို့ တစ်ဖက်ရန်သူကို ချေမှုန်းတဲ့အခါတော်တော်ထိရောက်သွားပြီး မင်းအောင်လှိုင်ရဲ့ လက်အောက်က စစ်တပ်များဟာ ပြည်သူလူထုဘက်ကို ပြောင်းလဲပြီးတော့ ဘက်ပြောင်းလာတာတွေ အများကြီးဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အောင်မြင်လာစေရန် အဖက်ဖက်ကကူညီကြသည့် ကူညီကြသည့် ပြည်သူလူထုများ၊ ပြည်တွင်းပြည်ပရှိ အလှူရှင်များ ၊ GZ လူငယ်များ၊ ကျောင်းသားအရွယ်များအားလုံးကို အထူဂုဏ်ပြုလိုသည်ဟု ၎င်းက ဆိုသည်။

“ဒီလိုမျိုးဖြစ်လာအောင် စစ်ရေးလေ့ကျင့်ပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ဟာ အားလုံးပါဝင်တဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ဒီတော်လှန်ရေးဟာ အနာဂတ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တွင်ရစ်ခဲ့မှာဖြစ်ပါတယ်”ဟုလည်း ယာယီသမ္မတက ပြောကြားသည်။

တော်လှန်ရေး၌ အဖမ်းခံရသူများ၊ စစ်တပ်၏နှိပ်စက်မှု အမျိုးမျိုးခံရသူများ၊ အိမ်ထောင်များ ပျက်စီးသွားသူများ မီးရှို့ခံရသည့်ရွာများ၊ အသက်ပေးသွားသည့် ရဲဘော်ရဲဘက်များအားလုံးကို အထူးလေးစားဦးညွတ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့ပြီး ဆက်လက်၍ တော်လှန်ရေး အောင်မြင်ပြီးမြောက်သည်အထိ ဇွဲမလျှော့ဘဲ ကြိုးစားရန် တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။