Connect with us

Hi, what are you looking for?

LuduNwayOo

News

PDF ရဲဘော်များရန်သူကိုထိရောက်စွာ ချေမှုန်းနိုင်စေရန်ကူညီသည့် ပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကျေးဇူးတင်ကြောင်း ယာယီသမ္မတပြော

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် လက်ရှိတွင် တပ်ရင်းပေါင်း ၂၅၀ ကျော်ဖြင့် ဖွဲ့စည်းထားခဲ့ပြီး လူအင်အား တောင့်တင်းလာနေပြီဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့သည် တဖြည်းဖြည်းနှင့် အင်အားကြီးမားလာပြီး ရန်သူစစ်ကောင်စီတပ်ကို ထိရောက်စွာချေမှုန်းနိုင်လာပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ (မေလ ၅ရက်) ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့်အမှာစကားတွင် ယာယီသမ္မတက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် လက်ရှိတွင် တပ်ရင်းပေါင်း ၂၅၀ ကျော်ဖြင့် ဖွဲ့စည်းထားခဲ့ပြီး လူအင်အား တောင့်တင်းလာနေပြီဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။

“ပထမပိုင်းမှာ လက်လုပ်သေနတ်တွေနဲ့ ဖြစ်သလို တော်လှန်လာခဲ့ကြပေမယ့် အခုအချိန်မှာတော့ ပြည်သူလူထုရဲ့ ဝိုင်းဝန်းကူညီမှု တီထွင် ကြံဆမှုကြောင့် လက်နက်ကောင်းတွေလည်း ကိုင်လာနိုင်ကြပြီဖြစ်ပါတယ်။ဒါကြောင့်မို့လို့ တစ်ဖက်ရန်သူကို ချေမှုန်းတဲ့အခါတော်တော်ထိရောက်သွားပြီး မင်းအောင်လှိုင်ရဲ့ လက်အောက်က စစ်တပ်များဟာ ပြည်သူလူထုဘက်ကို ပြောင်းလဲပြီးတော့ ဘက်ပြောင်းလာတာတွေ အများကြီးဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အောင်မြင်လာစေရန် အဖက်ဖက်ကကူညီကြသည့် ကူညီကြသည့် ပြည်သူလူထုများ၊ ပြည်တွင်းပြည်ပရှိ အလှူရှင်များ ၊ GZ လူငယ်များ၊ ကျောင်းသားအရွယ်များအားလုံးကို အထူဂုဏ်ပြုလိုသည်ဟု ၎င်းက ဆိုသည်။

“ဒီလိုမျိုးဖြစ်လာအောင် စစ်ရေးလေ့ကျင့်ပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ဟာ အားလုံးပါဝင်တဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ဒီတော်လှန်ရေးဟာ အနာဂတ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တွင်ရစ်ခဲ့မှာဖြစ်ပါတယ်”ဟုလည်း ယာယီသမ္မတက ပြောကြားသည်။

တော်လှန်ရေး၌ အဖမ်းခံရသူများ၊ စစ်တပ်၏နှိပ်စက်မှု အမျိုးမျိုးခံရသူများ၊ အိမ်ထောင်များ ပျက်စီးသွားသူများ မီးရှို့ခံရသည့်ရွာများ၊ အသက်ပေးသွားသည့် ရဲဘော်ရဲဘက်များအားလုံးကို အထူးလေးစားဦးညွတ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့ပြီး ဆက်လက်၍ တော်လှန်ရေး အောင်မြင်ပြီးမြောက်သည်အထိ ဇွဲမလျှော့ဘဲ ကြိုးစားရန် တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။