Connect with us

Hi, what are you looking for?

News

တန့်ဆည်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်နှင့်ဒေသကာကွယ် ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၂၀ခန့်သေဆုံး

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေစဉ် တန့်ဆည်PDF တပ်ရင်း(၆၊ ၇၊ ၈)၊ TPC နှင့် ပကဖ တို့မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ချိန် မိနစ်၃၀ခန့် ကြာမြင့်ခဲ့ကြောင်း ကံထူးမပလက်ဖောင်းက အသိပေးထားသည်။

(တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၂၀ခန့်သေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(မေလ ၇ ရက်)နံနက် ၈နာရီခန့်က တန့်ဆည်မြို့နယ်တစ်နေရာတွင် အကြမ်းဖက်စစ်တပ်နှင့် တန့်ဆည်PDF၊TPCနှင့် ပကဖတို့ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၂၀ခန့် သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေစဉ် တန့်ဆည်PDF တပ်ရင်း(၆၊ ၇၊ ၈)၊ TPC နှင့် ပကဖ တို့မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ချိန် မိနစ်၃၀ခန့် ကြာမြင့်ခဲ့ကြောင်း ကံထူးမပလက်ဖောင်းက အသိပေးထားသည်။

Public Service Announcement

ထိုစစ်ကြောင်းသည် မေလဆန်းအတွင်း တန့်ဆည်မြို့နယ်အတွင်းရှိ ဂရိတ်၊တောဂျင်၊ ကြောင်ဆင်းအိုင်၊ ကံကလေးကုန်း၊ လက်ဆည်၊ အင်တောရိုး၊ ရေရှင်ကုန်းရွာနှင့် ကြက်ဆူကန်ကျေးရွာများကို မီးရှိူ့ဖျက်ဆီးခဲ့ပြီး နေအိမ်၁၀၀ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အထိနာနေသော အကြမ်းဖက်စစ်တပ်သည် ရေရှင်ကုန်းရွာနှင့် ကြက်ဆူကန်ကျေးရွာကို ထပ်မံမီးရှို့နေကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းမှာ ဖောင်းပြင်မြို့အခြေစိုက် ခ.မ.ရ (၃၆၇) တပ်ဖြစ်သ​ည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောသည်။

(တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။)

“စကစတပ်များဝင်ရောက်စီးနင်းခံခဲ့ရတဲ့ ရေရှင်ကုန်းကျေးရွာကတော့ တစ်ရွာလုံးနီးပါးမီးလောင်ကျွမ်းသွားခဲ့ပါတယ်။ နေအိမ် ၁၅ လုံးခန့်သာကျန်တယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

(တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။)

တန့်ဆည်မြို့နယ်အပါအဝင်​ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဝက်လက်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းအစရှိသည့်မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံ တိုက်ခိုက်နေကြသည်။

အကြမ်းဖက်စစ်​ကောင်စီသည် အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဧပြီ ၃၀ ရက်အထိ ၁၅ လတာအတွင်း ပြည်သူ​များ၏နေအိမ် ၁၁,၄၁၇လုံးအထိ မီးရှို့ဖျက်ဆီးထားသည်ဟု Data For Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။