Connect with us

Hi, what are you looking for?

News

ကနီရဲစခန်းမှ ရေလယ်ကျွန်းရွာသို့ ကင်းချိန်းရန်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ငါးဦးသေ

ရေလယ်ကျွန်းကျေးရွာသည် အကြမ်းဖက်စစ်တပ်၏ အမာခံ ပျူစောထီးရွာဖြစ်သည့်အတွက် စစ်ကောင်စီမှ အင်အား ၃၀မှ ၅၀ကြား လုံခြုံရေးပေးထားရကြောင်း KLG က အသိပေးသည်။

(KLG PDF ရဲ​​ဘော်များအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ကနီမြို့ရဲစခန်းမှ ရေလယ်ကျွန်းကျေးရွာသို့ ကင်းချိန်းရန်လာသည့် စစ်ကောင်စီတပ်သားများကို စောင့်ကြိုတိုက်ခိုက်ရာ ငါးဦးသေဆုံးကြောင်း KLG PDF က ထုတ်ပြန်သည်။

ယနေ့(မေ ၈ရက်)နံနက် ၉ နာရီကစ၍ အင်အား၃၀ခန့်ပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာတွင် မိနစ် ၃၀ခန့်ကြာမြင့်ခဲ့ကြောင်း KLG PDF တာဝန်ရှိသူက ဆိုသည်။

“တစ်လတစ်ခါ တပ်ချိန်းတာမှာ ဒီတစ်ခါ သတင်းအတိ အကျရလို့ ကျွန်တော်တို့ စောင့်တိုက်တာ”ဟု ၎င်းက People’s Springသို့ ပြောသည်။

ရေလယ်ကျွန်းကျေးရွာသည် အကြမ်းဖက်စစ်တပ်၏ အမာခံ ပျူစောထီးရွာဖြစ်သည့်အတွက် စစ်ကောင်စီမှ အင်အား ၃၀မှ ၅၀ကြား လုံခြုံရေးပေးထားရကြောင်း KLG က အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဖြစ်စဥ် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။