Connect with us

Hi, what are you looking for?

News

မြန်မာ့အရေး အာဆီယံအစည်းအဝေးတွင် ကုလအထူးကိုယ်စားလှယ်အား ဖယ်ချန်ခဲ့မှုကို NUG ဝေဖန်ထောက်ပြ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်းကို အတိုင်ပင်ခံအစည်းအဝေးမတက်ရောက်စေခဲ့ခြင်း အပေါ် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddinက ဝေဖန်ပြစ်တင်ထားသည်။

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံအစည်းအ ဝေးမှ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို ဖယ်ချန်ထားခြင်းသည် ကုလသမဂ္ဂကို စော်ကားတိုက်ခိုက်ခြင်းဖြစ်သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ၆ ရက်က ကမ္ဘောဒီးယား၊ ဖနွမ်းပင်၌ ကျင်းပခဲ့သော အစည်းအဝေးတက်ရောက်ရန် ကုလအထူးကိုယ်စားလှယ်ကို ဖိတ်ကြားပြီးမှ ဖျက်သိမ်းခဲ့ခြင်းသည် အာဆီယံအနေဖြင့် ကုလသမဂ္ဂကို စော်ကားတိုက်ခိုက်ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန် ချက်၌ ဖော်ပြသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်းကို အတိုင်ပင်ခံအစည်းအဝေးမတက်ရောက်စေခဲ့ခြင်း အပေါ် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddinက ဝေဖန်ပြစ်တင်ထားသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ဝေဖန်ပြောဆိုမှုကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကြိုဆိုထောက် ခံသည်။

Public Service Announcement

Public Service Announcement

မြန်မာသို့လူသားချင်းစာနာမှုအကူအညီများပေးရေး ပြုလုပ်ခဲ့သော အာဆီယံအတိုင်ပင်ခံအစည်းအဝေးတွင် NUG ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒေသတွင်းလူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့ အစည်းများနှင့်ပါဝင်သင့်သူများကို ဖိတ်ကြားခဲ့ခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီကို ဗဟိုပြု ဆွေးနွေးတက်ရောက်စေခဲ့ခြင်းအပေါ် စိတ်ပျက်ကြောင်း NUGက ထုတ်ပြန်ထားသည်။

NUG သည် အာဆီယံနှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ရန် အသင့်ရှိနေပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ မြန်မာ့အရေးဆက်လက်အား ပေးထောက်ခံမှုကို ကျေးဇူး တင်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

အာဆီယံ၏ မြန်မာ့အရေးအတိုင်ပင်ခံအစည်းအဝေးမတိုင်မီတွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်သည် NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Facebook