Connect with us

Hi, what are you looking for?

News

တိုက်ပွဲဖြစ်နေတဲ့ဒေသတွေနဲ့စစ်ရေးတင်းမာနေတဲ့ဒေသက အဖွဲ့တွေ စစ်ကောင်စီရဲ့ဆွေးနွေးပွဲမတက်

စစ်ကောင်စီဟာ ကချင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ကရင်နီပြည်နယ် နဲ့ကရင်ပြည်နယ်တို့မှာ ထိုးစစ်ဆင်နေပြီး အဲဒီဒေသ က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ငြင်းပယ်ထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်မယ့် အဖွဲ့တွေထဲမှာ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေက အဖွဲ့တွေမပါဝင်တာတွေ့ရပါတယ်။

စစ်ကောင်စီဟာ ကချင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ကရင်နီပြည်နယ် နဲ့ကရင်ပြည်နယ်တို့မှာ ထိုးစစ်ဆင်နေပြီး အဲဒီဒေသ က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ငြင်းပယ်ထားပါတယ်။

အလားတူပါပဲ စစ်ကောင်စီနဲ့စစ်ရေးတင်းမာပုံရတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းကအဖွဲ့တွေဟာလည်း စစ်ကောင်စီရဲ့ဖိတ်ခေါ်ပွဲကိုအခြေအနေစောင့်ကြည့်နေတဲ့သတင်းတွေ ကြားရပါတယ်။

မနေ့က မေလ ၉ ရက်ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးပွဲကိုတက်မယ့် အဖွဲ့တွေစာရင်းပေးရမယ့်နောက်ဆုံးရက်ဖြစ်တာကြောင့် စာရင်းတွေအရ ၉ ဖွဲ့ တက်ရောက်မယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

အဲဒီအဖွဲ့ ၉ ဖွဲ့မှာ အင်အားကြီး ဝ UWSA ပါဝင်တာတွေ့ရပါတယ်။ ကျန်တဲ့အဖွဲ့တွေကတော့ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ၊ ဒီကေဘီအေ၊မွန်ပြည်သစ်ပါတီ၊ မိုင်းလားအဖွဲ့ (NDAA) ၊ရှမ်းပြည်တိုးတက်ရေးပါတီ တို့ ဖြစ်ကြပါတယ်။

စစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေက ကရင်အမျိုးသားအစည်းအရုံး၊ ကချင်လွတ်မြောက်ရေးအဖွဲ့ ၊ ချင်းအမျိုးသားတပ်ဦး ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့ဟာ နေပြည်တော်ပွဲကိုတက်ရောက်မှာမဟုတ်ကြောင်းအသီးသီးထုတ်ပြန်ထားကြပါတယ်။

စစ်ကောင်စီရဲ့တွေ့ဆုံပွဲဟာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ မပါဝင်တာကို အဲဒီအဖွဲ့တွေက ထောက်ပြထားကြပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးလိုရင် စစ်ကောင်စီအနေနဲ့ ထိုးစစ်အမြန်ရပ်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးမှုလုပ်ဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။