Connect with us

Hi, what are you looking for?

LuduNwayOo

News

တိုက်ပွဲဖြစ်နေတဲ့ဒေသတွေနဲ့စစ်ရေးတင်းမာနေတဲ့ဒေသက အဖွဲ့တွေ စစ်ကောင်စီရဲ့ဆွေးနွေးပွဲမတက်

စစ်ကောင်စီဟာ ကချင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ကရင်နီပြည်နယ် နဲ့ကရင်ပြည်နယ်တို့မှာ ထိုးစစ်ဆင်နေပြီး အဲဒီဒေသ က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ငြင်းပယ်ထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်မယ့် အဖွဲ့တွေထဲမှာ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေက အဖွဲ့တွေမပါဝင်တာတွေ့ရပါတယ်။

စစ်ကောင်စီဟာ ကချင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ကရင်နီပြည်နယ် နဲ့ကရင်ပြည်နယ်တို့မှာ ထိုးစစ်ဆင်နေပြီး အဲဒီဒေသ က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ငြင်းပယ်ထားပါတယ်။

အလားတူပါပဲ စစ်ကောင်စီနဲ့စစ်ရေးတင်းမာပုံရတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းကအဖွဲ့တွေဟာလည်း စစ်ကောင်စီရဲ့ဖိတ်ခေါ်ပွဲကိုအခြေအနေစောင့်ကြည့်နေတဲ့သတင်းတွေ ကြားရပါတယ်။

မနေ့က မေလ ၉ ရက်ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးပွဲကိုတက်မယ့် အဖွဲ့တွေစာရင်းပေးရမယ့်နောက်ဆုံးရက်ဖြစ်တာကြောင့် စာရင်းတွေအရ ၉ ဖွဲ့ တက်ရောက်မယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

အဲဒီအဖွဲ့ ၉ ဖွဲ့မှာ အင်အားကြီး ဝ UWSA ပါဝင်တာတွေ့ရပါတယ်။ ကျန်တဲ့အဖွဲ့တွေကတော့ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ၊ ဒီကေဘီအေ၊မွန်ပြည်သစ်ပါတီ၊ မိုင်းလားအဖွဲ့ (NDAA) ၊ရှမ်းပြည်တိုးတက်ရေးပါတီ တို့ ဖြစ်ကြပါတယ်။

စစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေက ကရင်အမျိုးသားအစည်းအရုံး၊ ကချင်လွတ်မြောက်ရေးအဖွဲ့ ၊ ချင်းအမျိုးသားတပ်ဦး ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့ဟာ နေပြည်တော်ပွဲကိုတက်ရောက်မှာမဟုတ်ကြောင်းအသီးသီးထုတ်ပြန်ထားကြပါတယ်။

စစ်ကောင်စီရဲ့တွေ့ဆုံပွဲဟာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ မပါဝင်တာကို အဲဒီအဖွဲ့တွေက ထောက်ပြထားကြပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးလိုရင် စစ်ကောင်စီအနေနဲ့ ထိုးစစ်အမြန်ရပ်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးမှုလုပ်ဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။