Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထောက်တိုင်အုပ်ချုပ်ရေးမှူးများ မေလ ၁၇ရက်နောက်ဆုံးထား ရာထူးမှနှုတ်ထွက်ရန် ပုလော PDF သတိပေး

သတိပေးကြေညာချက်ကို မလိုက်နာဘဲ ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက အုပ်ချုပ်ရေးမှူးများ၏ အသက်အန္တရာယ်ကို တာဝန်မယူကြောင်းလည်း ဖော်ပြထားသည်။

ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီ ထောက်တိုင် အုပ်ချုပ်ရေးမှူးများအနေဖြင့် မေလ ၁၇ရက် နောက်ဆုံးထား၍ စစ်အာဏာရှင်ခန့်အပ်ထားသော ရာထူးမှ နှုတ်ထွက်ကြရန်နှင့် စစ်ကောင်စီအတွက် ဆက်လက် အလုပ်လုပ်မပေးကြရန် ပုလောပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့( မေလ ၁၀ရက်) သတိပေးချက် ထုတ်ပြန်သည်။

ထိုသို့ သတိပေးချက်ထုတ်ပြန်ရာ၌ ပုလောမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၏ အမည်စာရင်းများနှင့်အတူ ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတိပေးကြေညာချက်ကို မလိုက်နာဘဲ ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက အုပ်ချုပ်ရေးမှူးများ၏ အသက်အန္တရာယ်ကို တာဝန်မယူကြောင်းလည်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏ လက်ကိုင် တုတ်များကိုအသုံးချပြီး အုပ်ချုပ်ရေးစနစ်ကို ဆက်လက်လည်ပတ်ကာ ပြည်သူများကို အနိုင်ကျင့် အုပ်ချုပ်လျက်ရှိသည်ဟု ပုလော PDFက ထုတ်ပြန်ခဲ့ပြီး ပုလော PDF အနေဖြင့် အာဏာရှင်စနစ်ကို ဖြုတ်ချရန်အတွက် အုပ်ချုပ်ရေးယန္တရားကို ဆက်လက်တိုက်ဖျက်သွားမည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်ကောင်စီခန့်အပ်ထားသော မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူနှင့်အတူ ရပ်တည်ကာ ရာထူးတာဝန်များကို ဆက်လက် ထမ်းဆောင်ခြင်းမပြုဘဲ နှုတ်ထွက်ကြရန် တောင်းဆိုသည်ဟု ပုလော PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။