Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ်တွင် မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်၍ အဘိုးအိုတစ်ဦးဒဏ်ရာရ

အင်အား ၆ဝ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ကားဆိပ်ရွာကိုဖျက်ဆီးပြီးနောက် သရက်ပင်စုရွာဟောင်းသို့ရောက်ရှိချိန်မိုင်းဆွဲတိုက်ခိုက်ခံရ၍ အနီးဝန်းကျင်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ အဘိုးအိုတစ်ဦးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရေဦးမြို့နယ်မှ အကြမ်းဖက်စစ်တပ်သည် ယနေ့(မေလ ၁၂ရက်)နံနက် ၆နာရီခန့်မှစတင်ကာ မူးမြစ်အရှေ့ဘက် ခင်ဦးနယ် ကားဆိပ်ရွာသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများလည်းဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

အင်အား ၆ဝ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ကားဆိပ်ရွာကိုဖျက်ဆီးပြီးနောက် သရက်ပင်စုရွာဟောင်းသို့ရောက်ရှိချိန်မိုင်းဆွဲတိုက်ခိုက်ခံရ၍ အနီးဝန်းကျင်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

“အနီးတဝိုက်ရှိ ဒေသခံများမှာ မနက်စာတောင် မစားရသေးဘဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မေလ ၈ ရက်ကလည်း စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်၊ မြင်းကျကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၁၆လုံး ပြာကျခဲ့သည်။ စစ်ကိုင်းတိုင်းအတွင်း ခင်ဦးမြို့နယ်သည် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုအခံရဆုံးနယ်ဖြစ်နေပြီး လက်ရှိအချိန်အထိ အိမ်ခြေ ၁,၄၀၈အိမ်အထိ မီးရှို့ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။