Connect with us

Hi, what are you looking for?

News

ချောင်းဦးမြို့နယ်တွင် စစ်​ကောင်စီတပ်က မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ အင်္ကျီများဝတ်ဆင်၍ လမ်းသွား၊လမ်းလာများ စစ်​ဆေး​နေ

(CDSOM)နှင့် ပုံမှားယူပြီး ပြည်သူနှင့် PDFများကို အစဥ်အမြဲဖမ်းဆီးရန် ကြိုပမ်းလျက်ရှိသည်ဟုလည်း CDSOMက ပြောသည်။

(CDSOM ရဲ​ဘော်များအား ၎င်းတို့ဝင်ဆင်​ အသုံးပြုနေသည့် အင်္ကျီနှင့်အတူ ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) အင်္ကျီများဝတ်ဆင်၍ လမ်းသွား၊လမ်းလာများအား စစ်ဆေးနေသူများမှာ အကြမ်းဖက်စစ်ကောင်စီတပ် သားများဖြစ်ကြောင်း CDSOMက ထုတ်ပြန်သည်။

ယနေ့(မေ ၁၄)နံနက် ၉နာရီခန့်တွင် ချောင်းဦးမြို့နယ်ရေပိုးစားနှင့် နတ်ရေကန်အကြား၌ CDSOM အင်္ကျီဝတ်ဆင်ထားသူများက ဖြတ်သန်းသွားလာ​သော ပြည်သူများကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် အစစ်ဆေးခံလာရသည့် ပြည်သူများ၏ သတင်းပေးချက်ကြောင့် ၎င်းတို့အဖွဲ့ခွဲ အသီးသီးထံစုံစမ်းရာ တစ်ဖွဲ့မှမဟုတ်ကြောင်းနှင့် သေချာစေရန် အဖွဲ့ဝင်များက သွားရောက်စုံစမ်းရာ အကြမ်းဖက်စစ်ကောင်စီတပ်က CDSOM တံဆိပ်ပါ အနက်ရောင်လက်ရှည်များဝတ်ဆင်ထားသည်ဟု အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)နှင့် ပုံမှားယူပြီး ပြည်သူနှင့် PDFများကို အစဥ်အမြဲဖမ်းဆီးရန် ကြိုပမ်းလျက်ရှိသည်ဟုလည်း CDSOMက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရိုင်းပျကြမ်းတမ်းသည့် စကားလုံးများဖြင့် ​ပြောဆို၍ CDSOM ၏ ပုံရိပ်နှင့် ပြည်သူများ ၏ လေးစားမှုများကို အကြမ်းဖက်စစ်တပ်က ဖျက်ဆီးရန် ကြိုးပမ်းခြင်းဟု ဆိုသည်။

“ပြည်သူများ လူယောင်ဆောင်သော ခွေးများရန်မှဝေးကြပါစေ”ဟု CDSOM တာဝန်ရှိသူက ပြော သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲအပြင်လုံးဝမထွက်ရန် CDSOM ကမေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။