Connect with us

Hi, what are you looking for?

News

စစ်ကောင်စီစခန်းသုံးခု ဆက်တပ်စွဲထားမယ်ဆိုရင် နောက်ဆက်တွဲကိစ္စတွေတာဝန်မယူဘူးလို့ KNLA သတိပေး

အထူးသဖြင့် စစ်ကောင်စီရဲ့ ဘုမ္မတီးစခန်း၊ တောင်ကြီးစခန်းနဲ့ ရှားစေးဘိုစခန်းတွေကြောင့် အဲ့ဒီဒေသက လူထုတွေဟာ ကြောက်ရွံ့ထိတ်လန့်နေရတာ၊ မိုင်းကွင်းတွေကြောင့် နေ့စဉ်သွားလာရေးမှာ အခက်အခဲဖြစ်ရတာ၊ စစ်ကောင်စီရဲ့ ဖမ်းဆီးမှု ပစ်ခတ်မှုတွေကို စိုးရိမ်ကြောက်ရွံ့နေရတာ အစရှိတဲ့ဒုက္ခတွေကို ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။

ကေအဲန်ယူ-တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်းသုံးခုကို ၁၀ ရက်အတွင်း အပြီးတိုင်ရုတ်သိမ်းသွားဖို့နဲ့ ရုတ်မသိမ်းဘဲ ဆက်တပ်စွဲနေမယ်ဆိုရင် နောက်ဆက်တွဲကိစ္စတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၆) က မေလ ၈ ရက်ရက်စွဲနဲ့ အသိပေးကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

တောင်ငူခရိုင် KNLA တပ်ရင်း(၆)နယ် မြေအတွင်းမှာ စစ်ကောင်စီတပ်စခန်းတွေ တည်ဆောက်တပ်စွဲထားတာဟာ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီး အဆိုပါတပ်စခန်းတွေဟာ ပြည်သူပိုင်ဆိုင်တဲ့ လယ်ယာမြေတွေနဲ့ ကျေးရွာတွေအတွင်းမှာ ကျရောက်လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီဒေသတွေမှာ စစ်ကောင်စီတပ်တွေတပ်စွဲထားတာဟာ ကရင်လူထုနဲ့ တိုင်းရင်းသားပြည်သူတွေအတွက် မည်သည့်ကောင်းကျိုးမျှ မရှိတဲ့အပြင် လယ်ယာတောင်ယာလုပ်ငန်း၊ တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းနဲ့ ကုန်စည်ပို့ဆောင်လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရာမှာ အဟန့်အတား အခက်အခဲတွေ ဖြစ်စေတယ်လို့ KNLA တပ်ရင်း(၆)က ဆိုထားပါတယ်။

အထူးသဖြင့် စစ်ကောင်စီရဲ့ ဘုမ္မတီးစခန်း၊ တောင်ကြီးစခန်းနဲ့ ရှားစေးဘိုစခန်းတွေကြောင့် အဲ့ဒီဒေသက လူထုတွေဟာ ကြောက်ရွံ့ထိတ်လန့်နေရတာ၊ မိုင်းကွင်းတွေကြောင့် နေ့စဉ်သွားလာရေးမှာ အခက်အခဲဖြစ်ရတာ၊ စစ်ကောင်စီရဲ့ ဖမ်းဆီးမှု ပစ်ခတ်မှုတွေကို စိုးရိမ်ကြောက်ရွံ့နေရတာ အစရှိတဲ့ဒုက္ခတွေကို ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့် အဆိုပါတပ်စခန်းတွေ တည်ရှိနေတဲ့အပေါ် KNLA တပ်ရင်း(၆)အနေနဲ့ လုံး၀လက်မခံနိုင်ပဲ စာထုတ်ပြန်တဲ့ မေ ၈ ရက်နေ့ကစပြီး ၁၀ ရက်အတွင်း တပ်စခန်းတွေ အပြီးတိုင်ရုတ်သိမ်းထွက်ခွာပေးဖို့၊ သတ်မှတ်ရက်ကျော်လွန်ပြီး ဆက်လက်တပ်စွဲနေထိုင်ပါက နောက်ဆက်တွဲကိစ္စတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ KNLA တပ်ရင်း(၆)ဌာနချုပ်က ထုတ်ပြန်ကြေငြာလိုက်တာဖြစ်ပါတယ်။

Public Service Announcement

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကလည်း ကေအဲန်ယူ-တောင်ငူခရိုင် KNDO တပ်ရင်း(၄) နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ကျီးချောင်းစခန်းနဲ့ ကိုးဒေးစခန်းတွေကို အပြီးတိုင်ရုတ်သိမ်းထွက်ခွာပေးဖို့ KNDO တပ်ရင်း(၄)ဌာနချုပ်က စာထုတ်ပြန်ကြေငြာထားသေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကေအဲန်ယူ-ဒူးသထူခရိုင် တပ်မဟာ ၁ နယ်မြေအတွင်းက စစ်ကောင်စီရဲ့ လေးကေတပ်စခန်းနဲ့ ဝင်းတာပန်တပ်စခန်း ပြန်လည်ဆုတ်ခွာပေးဖို့ KNDO တပ်ရင်း(၂)က အသိပေးထုတ်ပြန်ထားပြီး အဲ့ဒီလိုအသိပေးထုတ်ပြန်ပြီးတဲ့နောက်ပိုင်း အဲ့ဒီဒေသအတွင်းမှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

အခုလို တပ်စခန်းတွေပြန်လည်ဆုတ်ခွာဖို့ ကေအဲန်ယူလက်အောက်ခံ KNLA KNDO တပ်ရင်းတွေအနေနဲ့ အသိပေးစာတွေထုတ်ပြန်ကြေငြာထားတာဟာ ကေအဲန်ယူ ကော်သူးလေရဲ့ဥပဒေကို ဖော်ဆောင်နေတာဖြစ်တယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ပြောကြားထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။