Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏ ကပစ ၂၃မှတပ်ကြပ်ကြီး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြည်သူ့ထံအလင်းဝင်

တပ်ကြပ်ကြီး သန်းနိုင်စိုးနှင့်အတူ MA 1 သေနတ် တစ်လက်၊ ကျည်အိမ် ၄ ခု၊ ကျည်တောင့် ၂၂၈ တောင့်နှင့်အတူ အကြမ်းဖက် စစ်ကောင်စီ၏ ယုတ်မာမှုများအပေါ် ဆက်လက် ပါဝင် ပူးပေါင်းနိုင်ခြင်း မရှိတော့ခြင်းကြောင့် ပြည်သူထံ အလင်းဝင်လာခဲ့ခြင်း ဖြစ်သည်ဟု​ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ ကပစ (ကာကွယ်​ရေးပစ္စည်းစက်ရုံ) ၂၃ မှ တပ်ကြပ်ကြီး သန်းနိုင်စိုးသည် ​မေလ ၁၂ ရက်တွင်လက်နက်အပြည့်အစုံဖြင့် YDF နှင့် ဆက်သွယ်ကာပြည်သူ့ထံ အလင်းဝင်လာ​ကြောင်း ​ယော​ဒေသကာကွယ်​ရေးတပ်-YDF ကသတင်းထုတ်ပြန်သည်။

တပ်ကြပ်ကြီး သန်းနိုင်စိုးနှင့်အတူ MA 1 သေနတ် တစ်လက်၊ ကျည်အိမ် ၄ ခု၊ ကျည်တောင့် ၂၂၈ တောင့်နှင့်အတူ အကြမ်းဖက် စစ်ကောင်စီ၏ ယုတ်မာမှုများအပေါ် ဆက်လက် ပါဝင် ပူးပေါင်းနိုင်ခြင်း မရှိတော့ခြင်းကြောင့် ပြည်သူထံ အလင်းဝင်လာခဲ့ခြင်း ဖြစ်သည်ဟု​ဖော်ပြထားသည်။

တပ်ကြပ်ကြီး သန်းနိုင်စိုးအား လိုအပ်သည့် ထောက်ပံ့ကြေးများနှင့် လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးရန် YDF မှ စီစဉ်နေလျက် ရှိ​ကြောင်းလည်းပါရှိသည်။

အကြမ်းဖက်စစ်​ကောင်စီကိုစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သောတပ်မ​တော်သားနှင့် ရပ်တပ်ဖွဲ့ဝင်​ပေါင်း ၁၅၀၀၀ ​ကျော်ရှိလာပြီး ယခုလပိုင်းအတွင်း ​ရှေ့တန်းမှ လာ​ရောက်၍ ပြည်သူ့ရင်ခွင်ခိုလှုံ့လာသူပိုများလာ​ကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။