Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီ၏ ကပစ ၂၃မှတပ်ကြပ်ကြီး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြည်သူ့ထံအလင်းဝင်

တပ်ကြပ်ကြီး သန်းနိုင်စိုးနှင့်အတူ MA 1 သေနတ် တစ်လက်၊ ကျည်အိမ် ၄ ခု၊ ကျည်တောင့် ၂၂၈ တောင့်နှင့်အတူ အကြမ်းဖက် စစ်ကောင်စီ၏ ယုတ်မာမှုများအပေါ် ဆက်လက် ပါဝင် ပူးပေါင်းနိုင်ခြင်း မရှိတော့ခြင်းကြောင့် ပြည်သူထံ အလင်းဝင်လာခဲ့ခြင်း ဖြစ်သည်ဟု​ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ ကပစ (ကာကွယ်​ရေးပစ္စည်းစက်ရုံ) ၂၃ မှ တပ်ကြပ်ကြီး သန်းနိုင်စိုးသည် ​မေလ ၁၂ ရက်တွင်လက်နက်အပြည့်အစုံဖြင့် YDF နှင့် ဆက်သွယ်ကာပြည်သူ့ထံ အလင်းဝင်လာ​ကြောင်း ​ယော​ဒေသကာကွယ်​ရေးတပ်-YDF ကသတင်းထုတ်ပြန်သည်။

တပ်ကြပ်ကြီး သန်းနိုင်စိုးနှင့်အတူ MA 1 သေနတ် တစ်လက်၊ ကျည်အိမ် ၄ ခု၊ ကျည်တောင့် ၂၂၈ တောင့်နှင့်အတူ အကြမ်းဖက် စစ်ကောင်စီ၏ ယုတ်မာမှုများအပေါ် ဆက်လက် ပါဝင် ပူးပေါင်းနိုင်ခြင်း မရှိတော့ခြင်းကြောင့် ပြည်သူထံ အလင်းဝင်လာခဲ့ခြင်း ဖြစ်သည်ဟု​ဖော်ပြထားသည်။

တပ်ကြပ်ကြီး သန်းနိုင်စိုးအား လိုအပ်သည့် ထောက်ပံ့ကြေးများနှင့် လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးရန် YDF မှ စီစဉ်နေလျက် ရှိ​ကြောင်းလည်းပါရှိသည်။

အကြမ်းဖက်စစ်​ကောင်စီကိုစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သောတပ်မ​တော်သားနှင့် ရပ်တပ်ဖွဲ့ဝင်​ပေါင်း ၁၅၀၀၀ ​ကျော်ရှိလာပြီး ယခုလပိုင်းအတွင်း ​ရှေ့တန်းမှ လာ​ရောက်၍ ပြည်သူ့ရင်ခွင်ခိုလှုံ့လာသူပိုများလာ​ကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။