Connect with us

Hi, what are you looking for?

News

မင်းတပ် – ကျောက်ထုလမ်း၌ တိုက်ပွဲများဖြစ်လာနိုင်၍ ဒေသခံများ ခရီးသွားလာခြင်းမပြုရန် PDF တာဝန်ရှိသူ တိုက်တွန်း

ယခင်က စစ်ကောင်စီယာဉ်တန်းများ မင်းတပ်မှ ပြန်လာတိုင်း CDF လှုပ်ရှားရာဒေသသို့ ထိုးစစ်ဆင်လေ့ရှိ၍ ယခုတစ်ကြိမ်တွင်လည်း ထိုးစစ်ဆင်လာနိုင်ကြောင်း၊ ခုခံတိုက်ခိုက်ရန် အသင့်ပြင်ထားကြောင်း ၎င်းကဆိုသည်။

(ပြီးခဲ့သည့်မတ်လအတွင်းက စစ်​ကောင်စီယာဥ်တန်း မတူပီသို့ သွား​ရောက်စဥ်)

▪️မတူပီမှ ပြန်လာသည့်စစ်ယာဉ်တန်း ကျောက်ထုသို့ ဆက်လက်ထွက်ခွာရန် စစ်ကောင်စီက ယာဉ်တန်း လုံခြုံရေးစစ်ကြောင်းများ လှုပ်ရှားလာ

ချင်းပြည်နယ် မင်းတပ်မှ မကွေးတိုင်း ကျောက်ထုမြို့ကြားတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ဒေသခံပြည်သူများ ခရီးသွားလာမှုများမပြုရန် ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်(PDF) တာဝန်ရှိသူက ပြောသည်။

“ဒီကောင်စတွေ မင်းတပ်က ဆင်းနေပြီ။ ကျွန်တော်တို့ မြို့ပေါ်မှာလည်း စစ်ဆေးနေတာတွေရှိတယ်။ ကျွန်တော်တို့ကလည်းတိုက်ပွဲအတွက် ပြင်ဆင်ထားတယ်။ ထိတွေ့မှုရှိမှာဆိုတော့ ပြည်သူတွေ ခရီးသွားလာတာမလုပ်ဖို့တားထားတယ်”ဟု ၎င်းက ဆိုသည်။

မတူပီမှ ပြန်လာသည့် ယာဉ်စီးရေ ၇၀ကျော်ပါ စစ်ကောင် စီတပ်ယာဉ်တန်းသည် မင်းတပ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယနေ့ နံနက်တွင် မင်းတပ်မြို့ ခလရ (၂၇၄)တပ်ရင်းမှ ကျောက်ထု – ပခုက္ကူမြို့ဘက်သို့ ကား ငါးစီးထွက်ခွာသွားပြီဖြစ်ကြောင်း မင်းတပ် ချင်းကာ ကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်က စစ်ကောင်စီယာဉ်တန်းများ မင်းတပ်မှ ပြန်လာတိုင်း CDF လှုပ်ရှားရာဒေသသို့ ထိုးစစ်ဆင်လေ့ရှိ၍ ယခုတစ်ကြိမ်တွင်လည်း ထိုးစစ်ဆင်လာနိုင်ကြောင်း၊ ခုခံတိုက်ခိုက်ရန် အသင့်ပြင်ထားကြောင်း ၎င်းကဆိုသည်။

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီယာဉ်တန်း လုံခြုံရေးအတွက် ထီးလင်းဘက်မှ စစ်ကူလာသည်ဟု သတင်းကြားထား ကြောင်း ကျောက်ထု PDF တာဝန်ရှိသူက ပြောသည်။

“လမ်းကနေ ကင်းစောင့်ကြိုမယ့်အဖွဲ့တွေလာနေတယ်လို့ သတင်းရထားတယ်။ ထီးလင်းနဲ့ ကျောက်ထုက တစ်ဆက်တည်း မင်းတပ်ရယ်၊ ထီးလင်းရယ်၊ ကျောက်ထုရယ်က ကျောက်ထုက အလယ်မှာကျတာပေါ့။ မင်းတပ်ကနေ ဆင်းလာတာက ထီးလင်းနဲ့ ကျောက်ထု အစပ်လမ်းပိုင်းက ဖြတ်မှာ။ ခါတိုင်းဆိုရင် ကျောက်ထု အမြှောက်တပ်ထဲက လုံခြုံရေးအတွက် လုံခြုံရေးယူပေးနေကြပေါ့ ဒီကားတန်းကို။ ရှေ့ကနေ ကြိုပြီး တောနင်းဘာနင်းပေါ့။ အခုက ကျောက်ထု အမြောက်တပ်ထဲလူမရှိလို့လားမသိဘူး အဲဒီ ထဲကကောင်တွေ ပွိုင့်မထွက်နိုင်ဘူး။ ကျောက်ထုနဲ့ ကပ်နေတဲ့ ထီးလင်းဘက်ကလာပြီးမှ ပွိုင့်လာထောက်ပေးတာပေါ့”ဟု ကျောက်ထု PDFက ပြောသည်။

မင်းတပ် – ကျောက်ထုလမ်းသည် ၁၂မိုင်ခန့်သာ ဝေးရာ အဆိုပါ လမ်းသို့ စစ်ကောင်စီယာဉ်တန်းများလာပါက တိုက်ခိုက်မှု ဖြစ်စဉ်များရှိနိုင်ကြောင်း ၎င်းကဆိုသည်။

“စစ်ကောင်စီတွေဖြတ်သန်းသွားလာတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ ဒီလမ်းပိုင်းကို အသွားအလာတွေ ဒီရက်ပိုင်း ဆင်ခြင်ပေးကြဖို့ မသွားကြဖို့ပေါ့။ ပြည်သူလူထုရဲ့ အခက်အခဲကိုလည်း ကိုယ်ချင်းစာတယ် ဒါပေမဲ့ ဒီလိုတွေမှ တိုက်ပွဲမဖော်ဆာင်ဘူးဆိုရင် နယ်မြေစိုးမိုးမှုလျော့နည်းနိုင်တယ်။ လူထုအနေနဲ့ ဒီရက်ပိုင်းလမ်းပိုင်း ပိတ်ထားတာနဲ့ပတ်သက်ပြီး နားလည်ပြီး ပူးပေါင်းဆောင်ရွက်ပေးကြပါ”ဟု ကျောက်ထု PDFက ပြော သည်။

ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)ကလည်း ဂန်ဂေါ- ကျောလမ်းပိုင်းများတွင် အချိန်မရွေးထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်၍ မေလ ၁၅ရက်မှစ၍ နောက်ထပ် ကြေညာချက် မထုတ်ပြန်မချင်း လုံး၀အသုံးမပြုကြရန် အသိပေးကြေညာထားသည်။ ထုတ်ပြန်ချက်အား လေးစားလိုက်နာမှုမရှိဘဲ ခရီးသွားလာခြင်းများပြုလုပ်ခဲ့ပါက ဆုံးရှုံးနစ်နာမှုများအပေါ် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းလည်း ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။