Connect with us

Hi, what are you looking for?

News

စစ်ကောင်စီယန္တရားလည်ပတ်မှုတွင် အဓိကပါဝင်ဆောင်ရွက်နေသည့် မြို့နယ်ထွေအုပ်ရုံးကို ဖောက်ခွဲ သတိပေးခဲ့ဟု နာဂ PDF အသိပေး

မေလ ၉ရက်တွင် ပြုလုပ်ခဲ့သည့် ဖောက်ခွဲသတိပေးမှုသည် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီယန္တရားလည်ပတ်မှုတွင် အဓိကနေရာမှ ပါဝင်ဆောင်ရွက်နေသည့် လေရှီးမြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၏ရုံးဝန်းအတွင်း ဖောက်ခွဲ သတိပေးမှု လုပ်ဆောင်ခဲ့ကြောင်း နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

မေလ ၉ရက်တွင် ပြုလုပ်ခဲ့သည့် ဖောက်ခွဲသတိပေးမှုသည် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် မတရားသော ဖိနှိပ်ချုပ်ချယ်မှုများတွင် အလိုတူပါဝင်နေခြင်း၊ ပြည်သူနှင့်အတူရပ်တည်သော CDM ဝန်ထမ်းများအား အမျိုးမျိုးသော ဖိအားပေးမှုများလုပ်ဆောင်ခြင်း၊ နာဂ PDF၏ ဒေသတွင်းလုပ်ရှားမှုသတင်းအချက် အလက်များကို ရပ်၊ကျေးစာရေး၊ အုပ်ချုပ်ရေးမှူးများမှတဆင့်ရယူပြီး စစ်ကောင်စီသို့ပေးပို့ခြင်းစသောလုပ်ဆောင်ချက်များကိုအစဉ်တစိုက် လုပ်ဆောင်နေသောကြောင့် ယခုကဲ့သို့ သတိပေးခဲ့သည်ဟု ထုတ်ပြန် သည်။

နောက်ထပ် Mission တစ်ခုလုပ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း နာဂ PDFတပ်ဖွဲ့၏ လုံခြုံရေးအခြေအနေကြောင့် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် နာဂဒေသရှိ CCTVတပ်ထားသော ဆိုင်များနှင့် အိမ်များအနေဖြင့် မိမိတို့ ဆိုင်၊အိမ်ဘက်သို့ လှည့်၍တပ်ဆင်ပေးကြရန်နှင့် လမ်းဘက်သို့လှည့်၍တပ်ဆင်ထားသော CCTVများအား ဖြုတ်သိမ်းထားပေးပါရန် နာဂ PDFက မေတ္တာရပ်ခံခဲ့သည်။ လိုက်နာဆောင်ရွက်ခြင်းမရှိပါက နောက်ဆက်တွဲ ပြဿနာများအား ဆိုင်၊အိမ်များသည် တာဝန်ခံရမည်ဟုလည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။