Connect with us

Hi, what are you looking for?

News

ကနီနယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေ

ယနေ့နံနက် ၆ နာရီခွဲကစပြီး မင်းမရွာနှင့် သမင်ခြံကျေးရွာကြားတွင် နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း စာရင်းအတိအကျ မသိရသေးဟု ထုတ်ပြန်သည်။

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား ယနေ့(မေ ၁၆)နံ နက်ပိုင်းကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း KLG-PDF(ကျောက်လုံးကြီး)က ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခွဲကစပြီး မင်းမရွာနှင့် သမင်ခြံကျေးရွာကြားတွင် နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း စာရင်းအတိအကျ မသိရသေးဟု ထုတ်ပြန်သည်။

Public Service Announcement

ထို့အပြင် လက်ရှိအခြေအနေတွင် ကနီမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုကို စစ်ကောင်စီတပ်က အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် သတင်းစုစောင်းရေးနှင့် သတင်းထုတ်ပြန်ရေးတို့တွင် အခက်အခဲရှိနေကြောင်း KLG-PDF(ကျောက်လုံးကြီး)တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

“တိုက်ပွဲအခြေနေထုတ်ပြန်လို့မရသေးပါဘူးခင်ဗျာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

နှစ်ဖက်တိုက်ပွဲများမှာ ယနေ့နေ့လယ် ၁ နာရီအထိ ဆက်လက်ဖြစ်ပွားနေပြီး KLG-PDF(ကျောက်လုံးကြီး)အနေဖြင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် လက်နက်ခဲယမ်းဝမ်းယူရန် အကူအညီများလိုအပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook