Connect with us

Hi, what are you looking for?

LuduNwayOo

News

ကနီနယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေ

ယနေ့နံနက် ၆ နာရီခွဲကစပြီး မင်းမရွာနှင့် သမင်ခြံကျေးရွာကြားတွင် နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း စာရင်းအတိအကျ မသိရသေးဟု ထုတ်ပြန်သည်။

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား ယနေ့(မေ ၁၆)နံ နက်ပိုင်းကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း KLG-PDF(ကျောက်လုံးကြီး)က ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခွဲကစပြီး မင်းမရွာနှင့် သမင်ခြံကျေးရွာကြားတွင် နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း စာရင်းအတိအကျ မသိရသေးဟု ထုတ်ပြန်သည်။

Public Service Announcement

ထို့အပြင် လက်ရှိအခြေအနေတွင် ကနီမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုကို စစ်ကောင်စီတပ်က အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် သတင်းစုစောင်းရေးနှင့် သတင်းထုတ်ပြန်ရေးတို့တွင် အခက်အခဲရှိနေကြောင်း KLG-PDF(ကျောက်လုံးကြီး)တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

“တိုက်ပွဲအခြေနေထုတ်ပြန်လို့မရသေးပါဘူးခင်ဗျာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

နှစ်ဖက်တိုက်ပွဲများမှာ ယနေ့နေ့လယ် ၁ နာရီအထိ ဆက်လက်ဖြစ်ပွားနေပြီး KLG-PDF(ကျောက်လုံးကြီး)အနေဖြင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် လက်နက်ခဲယမ်းဝမ်းယူရန် အကူအညီများလိုအပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။