Connect with us

Hi, what are you looking for?

News

မြန်မာ့အ​ရေး အထူးကိုယ်စားလှယ်ခန့်အပ်ဖို့နဲ့ ကိုဗစ်ထိန်းချုပ်ရေး အာဆီယံသံတမန်တွေ ဆွေးနွေး

အဲဒီအစည်းအဝေးမှာ စစ်တပ်အုပ်ချုပ်မှုကြောင့် ထိန်းမနိုင်ဖြစ်နေတဲ့ ကိုဗစ်-၁၉ ပြန့်ပွားမှုကို ထိန်းချုပ်ကူညီဖို့ အရေးပေါ် အစီအစဥ် အပြီးသတ်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့အကြမ်းဖက်မှုတွေကိုဖြေရှင်းကူညီနိုင်ဖို့ အထူးကိုယ်စားလှယ်ခန့်အပ်ရေးအတွက် အာဆီယံထိပ်တန်းသံတမန်တွေဟာ ဒီနေ့ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီအစည်းအဝေးမှာ စစ်တပ်အုပ်ချုပ်မှုကြောင့် ထိန်းမနိုင်ဖြစ်နေတဲ့ ကိုဗစ်-၁၉ ပြန့်ပွားမှုကို ထိန်းချုပ်ကူညီဖို့ အရေးပေါ် အစီအစဥ် အပြီးသတ်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

မြန်မာ့အရေးကို နိုင်ငံတကာရဲ့ ဖိအားပေးမှုမြင့်တက်နေပေမယ့် အာဆီယံဟာ ထိရောက်မှုမရှိတဲ့ ဆွေးနွေးမှုတွေနဲ့သာ ဝေဖန်ရှုတ်ချဖို့ ဆက်တိုက် ပျက်ကွက်ခဲ့ပါတယ်။ အာဆီယံဟာ အဖွဲ့အစည်းရဲ့ မူဝါဒဖြစ်တဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရေးနဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ဘုံသဘောတူညီချက်နဲ့ဆောင်ရွက်ရေး စတာတွေ​ကြောင့် အဟန့်အတားဖြစ်နေပါတယ်။

မနေ့က ဘန်ကောက်ပို့စ်သတင်းဌာနရဲ့ ဖော်ပြချက်အရ အကြမ်းဖက်စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာ့အရေးအတွက် အာဆီယံရဲ့ အထူးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်းကိုခန့်အပ်ရေး သဘောတူထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ