Connect with us

Hi, what are you looking for?

News

မြန်မာ့အ​ရေး အထူးကိုယ်စားလှယ်ခန့်အပ်ဖို့နဲ့ ကိုဗစ်ထိန်းချုပ်ရေး အာဆီယံသံတမန်တွေ ဆွေးနွေး

အဲဒီအစည်းအဝေးမှာ စစ်တပ်အုပ်ချုပ်မှုကြောင့် ထိန်းမနိုင်ဖြစ်နေတဲ့ ကိုဗစ်-၁၉ ပြန့်ပွားမှုကို ထိန်းချုပ်ကူညီဖို့ အရေးပေါ် အစီအစဥ် အပြီးသတ်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့အကြမ်းဖက်မှုတွေကိုဖြေရှင်းကူညီနိုင်ဖို့ အထူးကိုယ်စားလှယ်ခန့်အပ်ရေးအတွက် အာဆီယံထိပ်တန်းသံတမန်တွေဟာ ဒီနေ့ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီအစည်းအဝေးမှာ စစ်တပ်အုပ်ချုပ်မှုကြောင့် ထိန်းမနိုင်ဖြစ်နေတဲ့ ကိုဗစ်-၁၉ ပြန့်ပွားမှုကို ထိန်းချုပ်ကူညီဖို့ အရေးပေါ် အစီအစဥ် အပြီးသတ်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

မြန်မာ့အရေးကို နိုင်ငံတကာရဲ့ ဖိအားပေးမှုမြင့်တက်နေပေမယ့် အာဆီယံဟာ ထိရောက်မှုမရှိတဲ့ ဆွေးနွေးမှုတွေနဲ့သာ ဝေဖန်ရှုတ်ချဖို့ ဆက်တိုက် ပျက်ကွက်ခဲ့ပါတယ်။ အာဆီယံဟာ အဖွဲ့အစည်းရဲ့ မူဝါဒဖြစ်တဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရေးနဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ဘုံသဘောတူညီချက်နဲ့ဆောင်ရွက်ရေး စတာတွေ​ကြောင့် အဟန့်အတားဖြစ်နေပါတယ်။

မနေ့က ဘန်ကောက်ပို့စ်သတင်းဌာနရဲ့ ဖော်ပြချက်အရ အကြမ်းဖက်စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာ့အရေးအတွက် အာဆီယံရဲ့ အထူးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်းကိုခန့်အပ်ရေး သဘောတူထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် ထပ်မံတာဝန်ပျက်ကွက် ကျရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က မနေ့က ထုတ်ပြန်လိုက်ပါတယ်။

သတင်း

​မေ-၂၈၊၂၀၂၅။ People’s Spring အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေတွေ၊ ကြမ်းတမ်းခက်ထန်တဲ့ ပဋိပက္ခတွေအတွက် အလေးအနက် စိုးရိမ်ကြောင်း ကြေညာခဲ့ပေမယ့် အာဏာသိမ်းပြီး ၄ နှစ်ကျော် ကြာလာတဲ့ထိ လူထုအပေါ် အကြမ်းဖက် သတ်ဖြတ်နေတဲ့...

သတင်း

မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အရေးကြီးတဲ့ အဆင့်တွေကို ဖြတ်သန်းနေကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့တီမော နိုင်ငံဟာ အခု နှစ်ကုန်ပိုင်းမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အဖွဲ့ဝင်သစ် ဖြစ်လာနိုင်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ မလေးရှားဟာ အာဆီယံရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူထားတဲ့ နိုင်ငံပါ။