Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနုတ်ထွက်ရန် တအာင်းဒေသကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း

Non-CDM ဝန်ထမ်းများအနေဖြင့် CDMတွင် ပါဝင်နေသော ပြည်သူ့ဘက်တော်သား ဝန်ထမ်းများကို နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်လှည့်ဖြားစည်းရုံးခြင်း၊ ဖိအားပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို မပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

▪️သတိပေးချက်မလိုက်နာပါက ဖြစ်လာမည့် အကျိုးဆက် ကာယကံရှင်တာဝန်သာဖြစ်ဟု ဖော်ပြ

တအာင်းဒေသတွင်းရှိ မြို့နယ်များအားလုံးမှ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းများအားလုံး မိမိစိတ်ဆန္ဒဖြင့် တာဝန်၊ရာထူးမှ နုတ်ထွက်ရပ်နားပြီး အကြမ်းမဖက်သာ တော်လှန်ရေးလှုပ်ရှားမှု CDMတွင် ပူးပေါင်းပါဝင်ကြရန် တောင်းဆိုတိုက်တွန်းကြောင်း တအာင်းဒေသကြားကာလပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ယခုအချိန်တွင် အကြမ်းဖက်စစ်တပ်က စာသင်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများ ဖွင့်လှစ်ရန် ကြိုးပမ်းနေမှုသည် စစ်အာဏာရှင်၏ စစ်ကျွန်ပညာရေးကို အသက်သွင်းပြီး CDM အင်အားစုများကို အင်အားလျော့နည်းစေရန် ဖြိုခွဲလိုခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၎င်းတို့အား ပြည်သူလူထုမှ အသိအမှတ်ပြုသယောင် ဖန်တီး၍ ပြည်တွင်း၊ပြည်ပနှင့် နိုင်ငံတကာတို့ကို လှည့်စားပြီး နိုင်ငံရေးအရ အမြတ်ထုတ်လိုခြင်းပင်ဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အကြမ်းဖက်စစ်တပ်မှ ဖွင့်လှစ်သော တက္ကသိုလ်ကျောင်းများ မတက်ကြရန် တအာင်းဒေသ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျောင်းသူ ကျောင်းသားများကို အလေးအနက်ထား တိုက်တွန်းနှိုးဆော်ကြောင်း ဖော်ပြသည်။

Non-CDM ဝန်ထမ်းများအနေဖြင့် CDMတွင် ပါဝင်နေသော ပြည်သူ့ဘက်တော်သား ဝန်ထမ်းများကို နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်လှည့်ဖြားစည်းရုံးခြင်း၊ ဖိအားပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို မပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

သို့ဖြစ်၍ တအာင်းဒေသရှိ Non-CDM ဝန်ထမ်းများ အနေဖြင့် သတိပေးချက်များ လိုက်နာ ဆောင်ရွက်ခြင်း မရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်အောက်တွင် ဆက်လက်တာဝန်ထမ်း ဆောင်နေပါက ဖြစ်ပေါ်လာမည့် ပြဿနာ အကျိုးဆက်သည် ကာယကံရှင်၏ တာဝန်သာဖြစ်ကြောင်း

တအာင်းဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။