Connect with us

Hi, what are you looking for?

LuduNwayOo

News

တနင်္သာရီမြို့နယ်တိုက်ပွဲတွင်PDFခေါင်း​ဆောင်တစ်ဦးကျဆုံး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များက တကူရွာဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့၍ အနီးတဝှိုက်ရှိ အင်းရှည်ကုန်း၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ လမိုင်းကော့၊ အလယ်ပိုင်း၊ သာရဘွင် စသည့် ကျေးရွာမှ ဒေသခံ နှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက​ပြောသည်။

●​မေ ၂၀ရက်သာဘွင်​ကျေးရွာအနီးတိုက်ပွဲတွင်စစ်သား၃ ဦး​သေ၊ဘက်မလိုက်​ပြောက်ကျားအဖွဲ့ယာယီစခန်းတစ်ခုဆုံးရှုံး

တနင်္သာရီမြို့နယ် ၊ သာရဘွင်ကျေးရွာအုပ်စု ရွှေဒူးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဆေးတံမှာ ​မေ ၁၉ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသွားသည့် ဦးဆေးတံအတွက် လေးစားဂုဏ်ယူကြောင်းနှင့် ကျန်ရစ်သူ မိသားစုအတွက်ထပ်တူခံစားရကြောင်း (SWDF)ကထုတ်ပြန်ထားသည်။
မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် ယမန့်( မေ ၁၉ ရက်)ညနေ ၆နာရီခန့် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တကူရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေးဦး ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များက တကူရွာဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့၍ အနီးတဝှိုက်ရှိ အင်းရှည်ကုန်း၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ လမိုင်းကော့၊ အလယ်ပိုင်း၊ သာရဘွင် စသည့် ကျေးရွာမှ ဒေသခံ နှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ​မေ ၂၀ ရက်က တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအရှေ့ကမ်းတွင်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေပြီး နှစ်ဦးဒဏ်ရာရခဲ့​ကြောင်း ​ဒေသတွင်းမီဒီယာဖြစ်​သော The Taninthayi Times သတင်းဌာနက​ဖော်ပြသည်။ ယမန်​နေ့ နံနက် ၉ နာရီမှ ည​နေ ၃ နာရီအထိ့ စစ်​ကောင်စီတပ်က စစ်​ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဘက်မဘိုက်​ပြောက်ကျားအဖွဲ့၏ ယာယီစခန်းတစ်ခုကို အင်အားမမျှ၍ ဆုတ်ခွာ​ပေးခဲ့ပြီး PDF များကျဆုံးထိ့ခိုက်မှု မရှိဟု ဘက်မလိုက်​ပြောက်ကျားအဖွဲ့မှသိ့ရသည်။ စစ်​ကောင်စီတပ်က ​သေဆုံးထိခိုက်မှုရှိသဖြင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်၍ ​ဒေသခံပြည်သူ​ ၆၀၀၀ ​ကျော်ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်း The Taninthayi Times က​ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။