Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် အများပြည်သူထံမှ ပစ္စည်းများလုယက်လာသည့် ပျူအဖွဲ့ကို PDFများ တိုက်ခိုက်

ယနေ့နံနက် ၉နာရီခွဲတွင် ပုလဲမြို့နယ် သာယာကုန်းရွာပြည်သူများထံမှ ဆိုင်ကယ်နှစ်စီ၊ စက်ဘီးတစ်စီး၊ ဆန်၊ ဆီ၊ ဒီဇယ်နှင့် ကလေးကစားစရာများပါ လုယက်လာသော အင်းမထီးရွာမှပျူစောထီးအဖွဲ့ကို ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အများပြည်သူထံမှ ပစ္စည်းများ လုယက်ခိုးယူလာသော ပျူစောထီးအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်ဝင်လင်းယုန်တပ်ဖွဲ့က ယနေ့(မေ ၂၃) ထုတ်ပြန်သည်။

ယနေ့နံနက် ၉နာရီခွဲတွင် ပုလဲမြို့နယ် သာယာကုန်းရွာပြည်သူများထံမှ ဆိုင်ကယ်နှစ်စီ၊ စက်ဘီးတစ်စီး၊ ဆန်၊ ဆီ၊ ဒီဇယ်နှင့် ကလေးကစားစရာများပါ လုယက်လာသော အင်းမထီးရွာမှပျူစောထီးအဖွဲ့ကို ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် ပျူစောထီးအဖွဲ့မှ အထိနာပြီး ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အသေအပျောက်စာရင်းအား အတည်မပြုနိုင်သေးဟု ဆိုသည်။

ထို့အပြင် ပျူစောထီးများလုယက်လာသောပစ္စည်းများကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ကာယကံရှင်ပြည်သူများထံ ပြန်လည်အပ်နှံပေးနိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၁(Royal Eagle Squadron၊ပုံ‌တောင်Tiger တပ်ခွဲ၊ တောင်ပေါ်ပုဏ္ဏကတပ်ခွဲ) ၊ တပ်ရင်း-၂၊ တပ်ရင်း-၆(Guerilla Ranger)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပျောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်