Connect with us

Hi, what are you looking for?

News

စက်သုံးဆီဆိုင်များကို ဆီတင်သွင်း​သောကုမ္ပဏီကခွဲတမ်းဖြင့်သာ​ရောင်း​ပေးမည်ထုတ်ပြန်ပြီး​နောက်​ဈေးတက်

ဆီဆိုင်များတွင် အောက်တိန်း ၉၂ တစ်လီတာကို ၂၂၁၀ကျပ်, အောက်တိန်း ၉၅ တစ်လီတာနှင့် ပရီမီယံ တစ်လီတာကို ၂၁၈၀ကျပ် ဖြင့်​ရောင်းချရန် စစ်​ကောင်စီကသတ်မှတ်ထားသည်။

မေလဆန်းက ဆီပြတ်လပ်မည်စိုးရိမ်၍ ဆီဝယ်ရန် တန်းစီ​နေ​သောကားများ ။ ။ဓါတ်ပုံ-CJ

စက်သုံးဆီဆိုင်များကို စက်သုံးဆီတင်သွင်း​သောကုမ္ပဏီကခွဲတမ်းဖြင့်သာ​ရောင်းချရန် စစ်ကောင်စီကသတ်မှတ်ပေးပြီးနောက် ရန်ကုန်မြို့တွင် အောက်တိန်း တစ်လီတာကို ကျပ် ၂၃၀၀ကျော် အထိမြင့်တက်လာသည်။

ဆီဆိုင်များတွင် အောက်တိန်း ၉၂ တစ်လီတာကို ၂၂၁၀ကျပ်, အောက်တိန်း ၉၅ တစ်လီတာနှင့် ပရီမီယံ တစ်လီတာကို ၂၁၈၀ကျပ် ဖြင့်​ရောင်းချရန် စစ်​ကောင်စီကသတ်မှတ်ထားသည်။

ထိုသို့သတ်မှတ်ထား​သော်လည်း ဆီဆိုင်အများစုသည်​ကြေညာထားသည့် ဈေးနှုန်းအတိုင်း မရောင်းချတော့ကြောင်း စက်သုံးဆီဝယ်ယူခဲ့သူများကပြောသည်။

ဆီသင်္ဘော ၂ စီးအတွက် ​​ငွေ​ချေပြီး၍ ယခုတစ်​ခေါက်တွင် ဆိုင်အလိုက်ရရှိမည်ခွဲတမ်းကိုစစ်​ကောင်စီလက်​အောက်ရှိ ဆီအသင်းက ​ဆီဆိုင်များသို့ ​မေ ၂၁ရက်ကအ​ကြောင်းကြားစာ

“ကြေညာထားတဲ့ ဈေးနှုန်းအတိုင်းမဟုတ်ဘူးတဲ့။ အောက်တိန်း ၉၂ ကို တစ်လီတာ ၂၃၁၅ကျပ်ပေးခဲ့ရတယ်။ နောက်နေ့လဲဒီထက်ဈေးပို့တက်ဦးမယ်လို့ဝန်ထမ်းတွေကပြောတယ်”ဟု ယနေ့ စက်သုံးဆီဝယ်ယူခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အခြားဝယ်ယူခဲ့သူများကလည်း အောက်တန်း ၉၂ တစ်လီတာကို ၂၃၀၀ အထက်ပေးခဲ့ရသည်ဟု​ပြောသည်။သည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက မေ ၂၁ ရက်မှ စတင်ပြီး စက်သုံးဆီဆိုင် ၃၂၄ ဆိုင်ကို ဆီခွဲတမ်းဖြင့်ထုတ်ပေးမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်ရှိ ဆိုင်များကိုတဆိုင်လျှင် အောက်တိန်း 92 အမျိုးအစား ၆,၀၀၀ လီတာနှင့် အခြား ပြည်နယ်နှင့်တိုင်းရှိ ဆီဆိုင်များကို တစ်ဆိုင်လျှင် ၄၀၀၀ လီတာနှုန်းဖြင့်သာချထားပေးမည်ဟု မေ ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုပမာဏာသည်လက်ရှိ ဆိပ်ကမ်း​ရောက်ရှိပြီး ​ငွေ​ပေး​ချေပြီးကာ ဆိုင်များကိုခွဲတမ်းဖြင့်​ရောင်းချ​ပေး​သောပမာဏာဖြစ်​ကြောင်းသိ့ရသည်။ ယခင်က စက်သုံးဆီဆိုင်များမှာ ​လိုသ​လောက်ဆီဝယ်ရ​သော်လည်း စစ်တပ်အာဏာသိမ်းပြီး ​ဒေါ်လာ​ကိုင်​ဆောင်ခွင့်၊​ရောင်းဝယ်ခွင့်ကို ထိန်းချုပ်လိုက်​​သော​ကြောင့်ထိုသို့ဖြစ်လာခြင်းဖြစ်​ကြောင်းစက်သုံးဆီတင်သွင်း​ရောင်းချသူလုပ်ငန်းရှင်အချို့ထံမှသိရသည်။

နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်လာနေပြီး နေရာအများစုတွင် စက်သုံးဆီဝယ်ယူ၍ မရတော့ကြောင်း ဆီဆိုင်အများစုက မေ ၁၉ ရက်မှစတင်ပြီး ထုတ်ပြန်ကြေညာခဲ့သည်။လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့် အခြားနေရာအများစုရှိ ဆိုင်များတွင်လည်း စက်သုံးဆီပြတ်လပ်နေကြောင်း ဆိုင်များက ထုတ်ပြန်ထားသည်။

စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက နိုင်ငံအတွင်း စက်သုံးဆီတင်လာသည့် သင်္ဘောလေးစီး ဆိုက်ကပ်ပြီဟု မေ ၁၉ ရက်ကထုတ်ပြန်ခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်အထိ ထို လေးစီးအနက် တန်ချိန်ပေါင်း (၁၇၂၀၀)သယ်ဆောင်လာသော MT YU HAI သင်္ဘော နှင့် တန်ချိန်ပေါင်း (၂၀၀၀၀) သယ်ဆောင်လာသော Aberlour သင်္ဘော (၂) စီးသာ မေ ၂၁ရက် ဆိပ်ကမ်းတွင် ဆီချနိုင်သေးပြီးကျန်နှစ်စီးမှာ ဆီမချရ​သေးကြောင်း အဆိုပါ အသင်းကထုတ်ပြန်ထားသည်။

ငွေပေးချပြီးမှသာ စက်သုံးဆီချပေးသည့် စနစ်ဖြင့် နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းနေခြင်းဖြစ်​သော​ကြောင့်သင်္ဘော​ရောက်​သော်လည်း စက်သုံးဆီ ဝယ်ယူရန် ဒေါ်လာ မလုံလောက်ခြင်းကြောင့် ဆီမချနိုင်​သေးခြင်းဖြစ်သည်။ လက်ရှိတွင် နိုင်ငံခြားရှိ စက်သုံးဆီရောင်းချသည့် ကုမ္ပဏီကများက ငွေပေးချေပြီးမှသာ စက်သုံးဆီတင်ပို့ပေးတော့မည်ဖြစ်ကြောင်းလည်း ဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် ဒေါ်လာမှောင်ခိုဈေးကွက်အတွင်း ​မေ ၂၃ ရက်တွင်ဒေါ်လာကို ၂၀၉၀ကျပ် အထိမြင့်တက်နေပြီး မှောင်ခိုဈေးကွက်အတွင်းလည်း ဒေါ်လာ ဝယ်လိုအားမြင့်တက်နေ​ကြောင်း ငွေလဲလုပ်ငန်းဆောင်ရွက်သူများကပြောသည်။

ဆက်စပ်သတင်းများ