Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ် လမ်းကြောင်းမှားပေါ်သွားနေတယ်လို့ ကုလပြော

“ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး၊ နိုင်ငံရေး အကျဥ်းသားတွေ ပြန်လွှတ်ပေးရေး၊ အကြမ်းဖက်မှုနဲ့ ဖြိုခွင်းမှုတွေ ရပ်တန့်ရေးစတာတွေကို ကျွန်တော်တို့ (ကုလသမဂ္ဂ)နဲ့ နိုင်ငံတကာတောင်းဆိုထားမှုတွေကနေ ဝေးကွာအောင် (စစ်တပ်က) လုပ်​ဆောင်နေပါတယ်”လို့ ကုလပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲရွှေ့ဆိုင်းမှုနဲ့ အရေးပေါ်ကာလသက်တမ်းတိုးမှုဟာ နိုင်ငံတကာက တောင်းဆိုထားတဲ့ ဒီမိုကရေစီအသက်သွင်းဖို့လမ်းကြောင်းကနေ ဆန့်ကျင်ဘက်ဆီ ဦးတည်နေတယ်လို့ ကုလသမဂ္ဂက မနေ့က ပြောကြားပါတယ်။

အာဏာသိမ်းမှု ​ခြောက်လပြည့်ချိန်မှာ အကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ့ကိုယ့်သူ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ကြေညာခဲ့ပြီး လာမယ့် ၂ နှစ်မှာကျင်းပမယ့်ရွေးကောက်ပွဲမတိုက်ခင်အထိ အရေးပေါ်ကာလသက်တမ်းတိုးကာ ထိုကာလအတွင်း သူဦး​ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီပြောကြားမှုအပေါ် ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က “ဒါက မှန်ကန်တဲ့ လမ်းကြောင်းမဟုတ်ပါဘူး”လို့ မှတ်ချက်ပြုပါတယ်။

“ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး၊ နိုင်ငံရေး အကျဥ်းသားတွေ ပြန်လွှတ်ပေးရေး၊ အကြမ်းဖက်မှုနဲ့ ဖြိုခွင်းမှုတွေ ရပ်တန့်ရေးစတာတွေကို ကျွန်တော်တို့ (ကုလသမဂ္ဂ)နဲ့ နိုင်ငံတကာတောင်းဆိုထားမှုတွေကနေ ဝေးကွာအောင် (စစ်တပ်က) လုပ်​ဆောင်နေပါတယ်”လို့ ကုလပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီး ​ခြောက်လအတွင်း တိုင်းပြည်ဟာ ယိုင်နဲ့နဲ့အခြေအနေဖြစ်နေပြီး ကိုဗစ်-၁၉ ပြန့်ပွားမှုကြောင့် ပိုမိုဆိုးရွားနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ရှည်ကြာနေတဲ့ အကျပ်အတည်းက ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအပါအဝင် လိုအပ်နေတဲ့ လူသားချင်းစာနာမှုရပိုင်ခွင့်အပေါ် အကျိုးသက်ရောက်နေပါတယ်” လို့ Dujarric က ဆိုပါတယ်။

ဒီအခြေအနေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ညီညွတ်တဲ့တုန့်ပြန်မှုနဲ့ ဆက်လက်ဖိအားပေးသွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

ဆောင်းပါး

FATFသည်စစ်တပ်ကအမေရိကန်၏အဓိကပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်သည်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook