Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာစစ်တပ် လမ်းကြောင်းမှားပေါ်သွားနေတယ်လို့ ကုလပြော

“ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး၊ နိုင်ငံရေး အကျဥ်းသားတွေ ပြန်လွှတ်ပေးရေး၊ အကြမ်းဖက်မှုနဲ့ ဖြိုခွင်းမှုတွေ ရပ်တန့်ရေးစတာတွေကို ကျွန်တော်တို့ (ကုလသမဂ္ဂ)နဲ့ နိုင်ငံတကာတောင်းဆိုထားမှုတွေကနေ ဝေးကွာအောင် (စစ်တပ်က) လုပ်​ဆောင်နေပါတယ်”လို့ ကုလပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲရွှေ့ဆိုင်းမှုနဲ့ အရေးပေါ်ကာလသက်တမ်းတိုးမှုဟာ နိုင်ငံတကာက တောင်းဆိုထားတဲ့ ဒီမိုကရေစီအသက်သွင်းဖို့လမ်းကြောင်းကနေ ဆန့်ကျင်ဘက်ဆီ ဦးတည်နေတယ်လို့ ကုလသမဂ္ဂက မနေ့က ပြောကြားပါတယ်။

အာဏာသိမ်းမှု ​ခြောက်လပြည့်ချိန်မှာ အကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ့ကိုယ့်သူ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ကြေညာခဲ့ပြီး လာမယ့် ၂ နှစ်မှာကျင်းပမယ့်ရွေးကောက်ပွဲမတိုက်ခင်အထိ အရေးပေါ်ကာလသက်တမ်းတိုးကာ ထိုကာလအတွင်း သူဦး​ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီပြောကြားမှုအပေါ် ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က “ဒါက မှန်ကန်တဲ့ လမ်းကြောင်းမဟုတ်ပါဘူး”လို့ မှတ်ချက်ပြုပါတယ်။

“ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး၊ နိုင်ငံရေး အကျဥ်းသားတွေ ပြန်လွှတ်ပေးရေး၊ အကြမ်းဖက်မှုနဲ့ ဖြိုခွင်းမှုတွေ ရပ်တန့်ရေးစတာတွေကို ကျွန်တော်တို့ (ကုလသမဂ္ဂ)နဲ့ နိုင်ငံတကာတောင်းဆိုထားမှုတွေကနေ ဝေးကွာအောင် (စစ်တပ်က) လုပ်​ဆောင်နေပါတယ်”လို့ ကုလပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီး ​ခြောက်လအတွင်း တိုင်းပြည်ဟာ ယိုင်နဲ့နဲ့အခြေအနေဖြစ်နေပြီး ကိုဗစ်-၁၉ ပြန့်ပွားမှုကြောင့် ပိုမိုဆိုးရွားနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ရှည်ကြာနေတဲ့ အကျပ်အတည်းက ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအပါအဝင် လိုအပ်နေတဲ့ လူသားချင်းစာနာမှုရပိုင်ခွင့်အပေါ် အကျိုးသက်ရောက်နေပါတယ်” လို့ Dujarric က ဆိုပါတယ်။

ဒီအခြေအနေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ညီညွတ်တဲ့တုန့်ပြန်မှုနဲ့ ဆက်လက်ဖိအားပေးသွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။