Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား အီနာဂါနှင့် မိုင်းများဖြင့် တိုက်ခိုက်၊ ခြောက်ဦးထက်မနည်းသေဟုဆို

မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းအဖွဲ့များ တိုက်ပွဲများ​​ဖြစ်ပွားလျက်ရှိရာ မေလ ၂၃ ရက်ကလည်း မင်းတန်းရွာအားမီးရှို့ဖျက်ဆီး၍ ထွက်ခွာလာသ​ည့် စစ်တပ်အားရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့သည်။

(မြောင်မြို့နယ်မှ PDF အဖွဲ့တစ်ဖွဲ့အား တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား အီနာဂါနှင့်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း 27 Revolution Forceက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၂၅ ရက်) နံနက် ၁ဝ နာရီခန့်က မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော အင်အား ၁၀၀ခန့်ရှိသည့် အကြမ်းဖက်စစ်တပ်အား လှေတင်ဦးနှင့် ကူးတို့ကုန်းကျေးရွာကြား အရောက်တွင် ဒရုန်းဖြင့် အီနာဂါဗုံးသီး ၂လုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း 27 Revolution Forceက ပြောသည်။ သို့သော် ဒဏ်ရာရစာရင်းစုံစမ်းဆဲဟု ၎င်းတို့က ဆိုသည်။

မွန်းလွဲ ၁၂နာရီ ၄၅မိနစ်ခန့်ကလည်း မြောင်မြို့နှင့် ကူးတို့ကုန်းရွာကြားတွင် အကြမ်းစစ်တပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း 27 Revolution Forceက ပြောသည်။

ထိုစစ်ဆင်ရေးနှစ်ခုတွင် မဟာမိတ်အဖွဲ့များဖြစ်သော မြင်းခြံခရိုင်၊ တပ်ရင်း အမှတ် (၁)၊ 27 Revolution Force၊ Burmese Guerillas Force(BGF)၊ Natogyi Regional Defence Force တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ 27 Revolution Forceထံ ဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းအဖွဲ့များ တိုက်ပွဲများ​​ဖြစ်ပွားလျက်ရှိရာ မေလ ၂၃ ရက်ကလည်း မင်းတန်းရွာအားမီးရှို့ဖျက်ဆီး၍ ထွက်ခွာလာသ​ည့် စစ်တပ်အားရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။