စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား အီနာဂါနှင့်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း 27 Revolution Forceက သတင်းထုတ်ပြန်သည်။
ယမန်နေ့ (မေလ ၂၅ ရက်) နံနက် ၁ဝ နာရီခန့်က မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော အင်အား ၁၀၀ခန့်ရှိသည့် အကြမ်းဖက်စစ်တပ်အား လှေတင်ဦးနှင့် ကူးတို့ကုန်းကျေးရွာကြား အရောက်တွင် ဒရုန်းဖြင့် အီနာဂါဗုံးသီး ၂လုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း 27 Revolution Forceက ပြောသည်။ သို့သော် ဒဏ်ရာရစာရင်းစုံစမ်းဆဲဟု ၎င်းတို့က ဆိုသည်။
မွန်းလွဲ ၁၂နာရီ ၄၅မိနစ်ခန့်ကလည်း မြောင်မြို့နှင့် ကူးတို့ကုန်းရွာကြားတွင် အကြမ်းစစ်တပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း 27 Revolution Forceက ပြောသည်။
ထိုစစ်ဆင်ရေးနှစ်ခုတွင် မဟာမိတ်အဖွဲ့များဖြစ်သော မြင်းခြံခရိုင်၊ တပ်ရင်း အမှတ် (၁)၊ 27 Revolution Force၊ Burmese Guerillas Force(BGF)၊ Natogyi Regional Defence Force တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ 27 Revolution Forceထံ ဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းအဖွဲ့များ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ မေလ ၂၃ ရက်ကလည်း မင်းတန်းရွာအားမီးရှို့ဖျက်ဆီး၍ ထွက်ခွာလာသည့် စစ်တပ်အားရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့သည်။


















































