Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီယာဥ်တန်း ချင်းတောင်ခြေဘက်သို့ထွက်ခွာသွား၍ ဒေသခံများသတိပြုနေထိုင်ကြရန် ကလေးမြို့ခံများသတိပေး

ကလေးမြို့နယ်တောင်ပိုင်းဒေသ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

(စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာနေသော စစ်ကောင်စီယာဥ်တန်းတစ်ခုကို တွေ့ရစဥ်)

စစ်ကောင်စီအင်အားအများအပြားလိုက်ပါလာသော အစီးရေ ၁၀စီးပါ ယာဥ်တန်းသည် ကလေးမြို့နယ်ကိုဖြတ်ပြီး ချင်းတောင်ခြေဘက်သို့ထွက်ခွာသွားသောကြောင့် ဒေသခံများ သတိပြုနေထိုင်ကြရန် ကလေးမြို့ခံများက သတိပေးသည်။

အင်အားပြည့်လိုက်ပါလာသည့် စစ်ကောင်စီယာဥ်၁၀စီးသည် ကလေးမြို့နယ်ကို မေ ၂၆ ရက်နေ့လယ်က ​ဖြတ်သန်းကာ ချင်းပြည်နယ် တီးတိန်မြို့ဘက်သို့ ထွက်ခွာသွားခြင်းဖြစ်သည်။

“ကား ဆယ်စီးအထိ ချင်းတောင်ဘက်ကို တက်သွားတယ်။ အင်အားအပြည့်ပါတယ်”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

အထက်ပါစစ်ကောင်စီ ယာဥ်တန်းသည် မေ ၂၆ ရက် ညနေတွင် တီးတိန်မြို့နယ် သိုင်းငင်းရွာလမ်းဆုံသို့ ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချထားခဲ့ကာ ယာဥ်များ ပြန်လှည့်သွားသည်ဟု People’s Spring က နောက်ဆက်တွဲ စုံစမ်းသိရှိရသည်။

Public Service Announcement

Public Service Announcement

“သိုင်းငင်းလမ်းဆုံမှာ ချထားခဲ့ပြီး တောတိုးမယ်ထင်တယ်။ သိုင်းငင်းမှာက ဟိုတစ်ခါ တိုက်ပွဲ အကြီးအကျယ်ဖြစ်ဖူးတာမို့ ဒေသခံတွေ သတိထားကြပါ “ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက သိုင်းငင်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီအထိနာခဲ့ပြီးနောက် ရွာမှ အရပ်သားနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ဖူးသည်။

ကလေးမြို့နယ်တောင်ပိုင်းဒေသ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။