Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီယာဥ်တန်း ချင်းတောင်ခြေဘက်သို့ထွက်ခွာသွား၍ ဒေသခံများသတိပြုနေထိုင်ကြရန် ကလေးမြို့ခံများသတိပေး

ကလေးမြို့နယ်တောင်ပိုင်းဒေသ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

(စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာနေသော စစ်ကောင်စီယာဥ်တန်းတစ်ခုကို တွေ့ရစဥ်)

စစ်ကောင်စီအင်အားအများအပြားလိုက်ပါလာသော အစီးရေ ၁၀စီးပါ ယာဥ်တန်းသည် ကလေးမြို့နယ်ကိုဖြတ်ပြီး ချင်းတောင်ခြေဘက်သို့ထွက်ခွာသွားသောကြောင့် ဒေသခံများ သတိပြုနေထိုင်ကြရန် ကလေးမြို့ခံများက သတိပေးသည်။

အင်အားပြည့်လိုက်ပါလာသည့် စစ်ကောင်စီယာဥ်၁၀စီးသည် ကလေးမြို့နယ်ကို မေ ၂၆ ရက်နေ့လယ်က ​ဖြတ်သန်းကာ ချင်းပြည်နယ် တီးတိန်မြို့ဘက်သို့ ထွက်ခွာသွားခြင်းဖြစ်သည်။

“ကား ဆယ်စီးအထိ ချင်းတောင်ဘက်ကို တက်သွားတယ်။ အင်အားအပြည့်ပါတယ်”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

အထက်ပါစစ်ကောင်စီ ယာဥ်တန်းသည် မေ ၂၆ ရက် ညနေတွင် တီးတိန်မြို့နယ် သိုင်းငင်းရွာလမ်းဆုံသို့ ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချထားခဲ့ကာ ယာဥ်များ ပြန်လှည့်သွားသည်ဟု People’s Spring က နောက်ဆက်တွဲ စုံစမ်းသိရှိရသည်။

Public Service Announcement

Public Service Announcement

“သိုင်းငင်းလမ်းဆုံမှာ ချထားခဲ့ပြီး တောတိုးမယ်ထင်တယ်။ သိုင်းငင်းမှာက ဟိုတစ်ခါ တိုက်ပွဲ အကြီးအကျယ်ဖြစ်ဖူးတာမို့ ဒေသခံတွေ သတိထားကြပါ “ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက သိုင်းငင်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီအထိနာခဲ့ပြီးနောက် ရွာမှ အရပ်သားနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ဖူးသည်။

ကလေးမြို့နယ်တောင်ပိုင်းဒေသ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook