Connect with us

Hi, what are you looking for?

News

အာဏာသိမ်းခေါင်း​ဆောင်ရဲ့ အရေးပေါ်ကာလ သက်တမ်းတိုးခြင်းကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Rabb က “စစ်တပ်ဟာ ရွေးကောက်ခံအစိုးကို အာဏာပြန်လွဲဲပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒတွေကို လေးစားရပါမယ်”လို့ ဆက်လက်ရေးသားပါတယ်။

အကြမ်းဖက်စစ်တပ်ခေါင်းဆောင်ရဲ့ အရေးပေါ်ကာလလို့ခေါ်တဲ့အခြေအနေသက်တမ်းတိုးခြင်းဟာ ဒီမိုကရေစီနည်းကျမဟုတ်တဲ့အာဏာရယူမှုကို ခိုင်မာစေဖို့ လက်ခံနိုင်ဖွယ်မရှိတဲ့၊ အရှက်မရှိတဲ့ ကြိုးပမ်းမှုဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့တွစ်တာမှာ ရေးသားပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Rabb က “စစ်တပ်ဟာ ရွေးကောက်ခံအစိုးကို အာဏာပြန်လွဲဲပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒတွေကို လေးစားရပါမယ်”လို့ ဆက်လက်ရေးသားပါတယ်။

စစ်တပ်ဟာ သူတို့စွဲကိုင်တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ကွဲ လွဲစွာ ဖေဖော်ဝါရီ ၁ ရက်မှ အာဏာသိမ်းခဲ့ပြီး အဲဒီအချိန်က တစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်လို့ ကြေညာခဲ့ပါတယ်။

အာဏာသိမ်းပြီး သိပ်မကြာခင်မှာ စစ်တပ်ခေါင်းဆောင်တွေဟာကို ရွေးကောက်ပွဲကို နှစ်နှစ်အတွင်းလို့ ပြောပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကနေ အာဏာသိမ်းမှု ​ခြောက်လပြည့်တဲ့ သြဂုတ် ၁ ရက်မှာတော့ နောက်ထပ် နှစ်နှစ်အကြာမှသာ ရွေး ကောက်ပွဲ ကျင်းပမယ့်အကြောင်း ထပ်မံ ပြောပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ခေါင်းဆောင်ရဲ့ အဲဒီလို အမျိုးမျိုးပြောကြားနေမှုကို ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ယုံကြည်မှုမရှိ​ကြောင်းနဲ့ လက်မခံကြောင်း ထုတ်ဖော်ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် ဝေဟင်ဆီဖြည့် အထောက်အပံ့မျိုး ကူညီပေးသွားမယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

Facebook