Connect with us

Hi, what are you looking for?

News

ကရင်နီလက်နက်ကိုင် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ တိုက်ပွဲထပ်မံဖြစ်ပွား

“အခု ကျွန်မတို့ နန်းဖဲမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ ကျွန်မတို့ အခုလောလောဆယ် ဂူထဲမှာ ပုန်းနေရတယ်။လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်နေကြတယ်” ဟု အမျိုးသမီးတစ်ဦးက တိုက်ပွဲအခြေအနေကို ပြောပြ သည်ကိုလည်း ရုပ်သံဖိုင်၌ တွေ့ရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ နံနက်က ဘောလခဲမြို့နယ် နန်းဖဲရွာအနီး၌ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်။

ဇူလိုင် ၁၆ရက်မှ ၁၉ရက်အတွင်း နန်းဖဲရွာအနီး၌ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့ပြီးနောက် ယခုထပ်မံ ဖြစ်ပွားခြင်းဖြစ်သည်။

KNPP သတင်းနှင့် ပြန်ကြားရေးဌာန KNICက ယနေ့ တိုက်ပွဲသတင်းကို ရုပ်သံဖိုင်နှင့်တကွ ဖော်ပြခဲ့ရာ ပစ်ခတ်သံများကြားနေရပြီး တိုက်ပွဲကြောင့် ဒေသခံများ ပုန်းရှောင်နေကြရသည်။

“အခု ကျွန်မတို့ နန်းဖဲမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ ကျွန်မတို့ အခုလောလောဆယ် ဂူထဲမှာ ပုန်းနေရတယ်။လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်နေကြတယ်” ဟု အမျိုးသမီးတစ်ဦးက တိုက်ပွဲအခြေအနေကို ပြောပြ သည်ကိုလည်း ရုပ်သံဖိုင်၌ တွေ့ရသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားရခြင်းမှာ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို KNPP/KNDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ဒီမနက် ၈နာရီ လွိုင်ကော်ကနေ သူတို့ စစ်ကား ၂၇စီးထွက်တယ်။ အဲဒါက ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲတို့ကို သွားလိုက်တာ။ အဲဒီ စစ်ကား ၂၇စီးမထွက်ခင်အစော ကြီးမှာ တစ်စီးက လမ်းလုံခြုံရေးလိုက်ပေးတယ်နဲ့တူတယ်။ မနက်အစောကြီးမှာ တစ်ကြိမ်ဖြစ်တယ်။ ပြီးတော့ ၁၁ မထိုးခင်မှာ တစ်ကြိမ်ပစ်တယ်” ဟု ၎င်း ကဆိုသည်။

စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းမှုများ စစ်ရေးလှုပ်ရှားမှုများနေ့စဉ်ပြုလုပ်နေ၍ တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူက ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။