Connect with us

Hi, what are you looking for?

သတင်း

မြစ်ခြေ – စ​​ဘေ ကားလမ်းပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ခုနှစ်ဦးခန့်သေဆုံးနိုင်ဟု မြစ်ခြေ – ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ​ပြော

တိုက်ခိုက်မှုဖြစ်စဥ်မှာ ယမန်နေ့(မေ ၂၈ ရက်) ညနေ ၄ နာရီခန့်က ဖြစ်ပြီး ကင်းလှည့်နေသည့် စစ်ကောင်စီ၏ ဆိုင်ကယ်နှင့် ကားပေါ်တွင် စစ်ကောင်စီတပ်သားအင်အား ၄၀ခန့် ပါရှိသည်ဟု ဆိုသည်။

(မေလ ၂၃ ရက်တွင် MC-KC DF က တိုက်ခိုက်ခဲ့သည့် ရဲနှင့် ပျူစောထီးများ အသုံးပြုခဲ့သည့် ယာဥ်ဖြစ်သည်။)
(မေလ ၂၃ ရက်တွင် MC-KC DF က တိုက်ခိုက်ခဲ့သည့် ရဲနှင့် ပျူစောထီးများ အသုံးပြုခဲ့သည့် ယာဥ်ဖြစ်သည်။)

မကွေးတိုင်း၊ မြစ်ခြေ – စ​​ဘေ ကားလမ်းပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ခုနှစ်ဦးခန့်သေဆုံးနိုင်ကြောင်း မြစ်ခြေ – ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( MC – KC DF ) က ယနေ့(မေ ၂၉ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်မှာ ယမန်နေ့(မေ ၂၈ ရက်) ညနေ ၄ နာရီခန့်က ဖြစ်ပြီး ကင်းလှည့်နေသည့် စစ်ကောင်စီ၏ ဆိုင်ကယ်နှင့် ကားပေါ်တွင် စစ်ကောင်စီတပ်သားအင်အား ၄၀ခန့် ပါရှိသည်ဟု ဆိုသည်။

“ထိတာတော့ဆိုင်ကယ်စီးတဲ့သူတွေအပြင် ကားနှစ်စီးလည်းပါတယ်။ မိုင်းက စုစုပေါင်း ငါးလုံးသုံးခဲ့တာ”ဟု MC – KC DF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထိုဖြစ်စဥ်တွင် မြစ်ခြေ – ကျွန်းချောင်း ( MC – KC DF ) အဖွဲ့သားများ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

ယခုလ ၂၃ ရက်ကလည်း မြစ်ခြေ ရှိ ကံကြီးစုရွာထိပ်တွင်ဓါးပြတိုက်​နေ​သော ရဲနှင့် ပျူ​စောထီးများကို ပြည်သူများ ၏သတင်းပေးချက်အရ မြစ်ခြေ-ကျွန်းချောင်း လမ်းပိုင်း၌ တိုက်ခိုက်ခဲ့ ကြောင်း MC – KC DF ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် ယာဥ်ပေါ်ပါရှိသော ရဲနှင့် ပျူစောထီးအဖွဲ့ဝင် ၁၃ဦးစလုံး သေဆုံးသွား ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။