Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်ရှိလမ်းပိုင်းအားလုံးဖြတ်သန်းသွားလာခြင်းမပြုရန် PDFများအသိ​ပေး

ပြန်လည် ဖြတ်သန်းသွားလာခွင့်ပြုမည့်အချိန်ကို ထုတ်ပြန်ပေးမည်ဟု ဝက်လက်မြို့နယ်တော်လှန်ရေး အင်အားစုများက ပြောသည်။

ဝက်လက်မြို့နယ်ရှိလမ်းပိုင်း
ဝက်လက်မြို့နယ်ရှိလမ်းပိုင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိရွှေဘို-မြစ်ကြီးနားလမ်းပိုင်းအပါအဝင်လမ်းပိုင်းများအားဖြတ်သန်းသွားလာခြင်းမပြုရန် တော်လှန်ရေးအင်အားစုများကအသိပေးသည်။

ယမန်နေ့ (မေလ ၂၈ ရက်) ည ၁၀ နာရီအချိန်မှ စ၍ ဝက်လက်မြို့နယ်အတွင်းစစ်ကိုင်း -ဝက်လက် -ရွှေဘိုလမ်း(ရွှေဘို-မြစ်ကြီးနားလမ်း)၊ ခရိုင်ချင်းဆက်လမ်း(စစ်ကိုင်း-ရှိမ်းမကား-ကျောက်မြောင်းလမ်း) အစရှိသည့်လမ်းများအပါအဝင် ဝက်လက်မြို့မှ ကျေးရွာများသို့ ဆက်သွယ်ထားသော ကားလမ်းများအား ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်သ​ည်။

ဝက်လက်မြို့နယ်ရှိလမ်းပိုင်း
ဝက်လက်မြို့နယ်ရှိလမ်းပိုင်း

ကုန်တင်ကား၊ခရီးသွားကားများနှင့် အိမ်စီးကားများအားလုံး ဖြတ်သန်းသွားလာခြင်းများလုံးဝမပြုလုပ်ရန်အထူးတိုက်တွန်းနှိုးဆော်ကြောင်း တော်လှန်ရေး အင်အားစုများက အသိပေးသည်။

ပြန်လည် ဖြတ်သန်းသွားလာခွင့်ပြုမည့်အချိန်ကို ထုတ်ပြန်ပေးမည်ဟု ဝက်လက်မြို့နယ်တော်လှန်ရေး အင်အားစုများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညက ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာရှိ ရဲစခန်းမှ သေနတ်ပစ်ခတ်သံကြားလိုက်ရပြီး အကြမ်းဖက်စစ်တပ်သည် ကျေးရွာအချို့ကို ညပိုင်းအထိ စစ်ကြောင်းထိုးနေကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။