Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာလေးခု နယ်မြေရှိ သွားလာရေးခက်သောဒေသရှိ စစ်ရှောင်များ အကူအညီလိုအပ်နေကြောင်း KNU အသိပေး

မိုးဦးရာသီရောက်ရှိလာသည့်အလျှောက် စစ်ဘေးရှောင်တို့၏ ကျန်းမာရေး၊ နေထိုင်ရေး၊ စားဝတ်နေရေးများအတွက် လိုအပ်ချက်များပြားလာသည်ဟု အသိပေးထားသည်။

(ကရင်ပြည်နယ်ရှိ စစ်​ဘေး​ရှောင် ​ဒေသခံပြည်သူများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(ကရင်ပြည်နယ်ရှိ စစ်​ဘေး​ရှောင် ​ဒေသခံပြည်သူများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ နယ်မြေများအနက် တပ်မဟာလေးခု၏ နယ်မြေအတွင်း သွားလာရန်ခက်ခဲ့သော ဒေသများရှိ စစ်ရှောင်များ

လူသားချင်းစာနာမှု့ဆိုင်ရာ အကူအညီလိုအပ်လျက်ရှိသည်ဟု KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် KNU သထုံခရိုင်တပ်မဟာ(၁) ၊ညောင်လေး ပင်ခရိုင် တပ်မဟာ(၃)၊ ထားဝယ်ခရိုင် တပ်မဟာ(၄)၊ မူတြော်ခရိုင် တပ်မဟာ(၅)နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆)နယ်မြေ၌ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ယင်းအနက် တပ်မဟာ (၁)၊ တပ်မဟာ (၃)၊ တပ်မဟာ (၄)၊ တပ်မဟာ(၅)များအတွင်းရှိ သွားရေးလာရေးခက်ခဲသောဒေသများတွင် လူသားချင်းစာနာမှု့ဆိုင်ရာ အကူ အညီများ အထူးလိုအပ်လျက်ရှိကြောင်း KNUက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

မိုးဦးရာသီရောက်ရှိလာသည့်အလျှောက် စစ်ဘေးရှောင်တို့၏ ကျန်းမာရေး၊ နေထိုင်ရေး၊ စားဝတ်နေရေးများအတွက် လိုအပ်ချက်များပြားလာသည်ဟု အသိပေးထားသည်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် BGFတပ်များသည် နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိရာ နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီတပ်များသည် နယ်မြေစိုးမိုးမှုရရှိရေးအတွက် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခြင်းတို့ကြောင့် ကျေးရွာများတွင် နေထိုင်သော ရွာသူရွာသားများသည် ကျေးရွာများအတွင်း မနေထိုင်ရဲတော့ဘဲ ၎င်းတို့နေထိုင်ရာနေရာများနှင့် လုပ်ငန်းခွင်များကို စွန့်ခွာကာ အသက်ဘေးလွတ်မြောက်ရေးအတွက် ဘေးလွတ်ရာသို့ ရွှေပြောင်းနေထိုင်နေကြရကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။