Connect with us

Hi, what are you looking for?

News

၀ိုင်းမော်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်အချက်ပေါင်းများစွာပစ်ခတ်နေ

“လက်နက်ကြီးက အခုကျွန်တော်ရေထားတာ အခုနောက်ပိုင်းမှာရောဆိုရင် ၇၀ လောက်ရှိပြီ။ ခလရ (၅၈)က ပစ်တာ။ ပြောရမယ်ဆိုရင် KIA ရဲ့လာရာလမ်းကို ခြောက်ပစ်တာ၊ KIA လာများလာမလားဆိုတဲ့ သဘော ပစ်တာဖြစ်မယ်” ဟု ဒေသခံက ယနေ့ ည ၉နာရီခန့်တွင် ပြောသည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်က ယခုညပိုင်း၌ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဆက်တိုက်ပစ်ခတ်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဩဂုတ် ၃ရက်)ည ၇နာရီခန့်မှ စတင်ပစ်ခတ်လျက်ရှိကြောင်း၊ အပြန်အလှန်တိုက်ပွဲဖြစ်ပွားသည့် သဘောမဟုတ်ဘဲ စစ်ကောင်စီတပ်မှ တစ်ဖက်သတ်ပစ်နေသည့်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။

“လက်နက်ကြီးက အခုကျွန်တော်ရေထားတာ အခုနောက်ပိုင်းမှာရောဆိုရင် ၇၀ လောက်ရှိပြီ။ ခလရ (၅၈)က ပစ်တာ။ ပြောရမယ်ဆိုရင် KIA ရဲ့လာရာလမ်းကို ခြောက်ပစ်တာ၊ KIA လာများလာမလားဆိုတဲ့ သဘော ပစ်တာဖြစ်မယ်” ဟု ဒေသခံက ယနေ့ ည ၉နာရီခန့်တွင် ပြောသည်။

အဆိုပါတပ်စခန်းကို KIAက ဇူလိုင် ၂၉ရက် ညပိုင်းတွင် လာရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် သတင်းဌာနအချို့က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ယမန်နေ့ (ဩဂုတ် ၂ရက်) ညပိုင်းတွင်လည်း အဆိုပါ ခလရ (၅၈) တပ်စခန်းမှပင် တစ်နာရီကျော်ကြာ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။လက်နက်ကြီးကျည်အချို့လည်း အများပြည်သူသွားရာလမ်းမပေါ် ကျရောက်ခဲ့သည်။

“မနေ့ညက ၁၁နာရီကနေ မနက် ၁၁နာရီအထိ တိုက်ပွဲဖြစ်တယ် သတင်းကြားတယ်။ အဲဒါကို မေးမြန်းထားတယ်။ KIA ဘက်က သူတို့ဘက်က လှမ်းပစ်တာတော့မရှိဘူးလို့ပြောတယ်။ မရှိဘူးဆိုတော့ တစ်ဖက်သတ်ပစ်နေတာက ၂နာရီကျော်လောက် ပစ်နေတာတော့ မဟုတ်ဘူးပေါ့။ ဘယ်လိုပုံစံကြောင့် ဖြစ်တယ်ဆိုတာ ဂဃနဏ မသိရသေးဘူး” ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။

KIA အနေဖြင့် ဇူလိုင် ၂၉ရက် ညပိုင်းက ၀ိုင်းမော် ခလရ (၅၈) တပ်အပါအဝင် တပ်စခန်းနှင့် ဂိတ်စခန်း ၃နေရာကို တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၃၁ရက် နံနက်တွင် နမ္မတီးမြို့အနီးရှိ စီးဒီယန်တပ်စခန်းကို တိုက်ခိုက်ခဲ့သည်။ ဩဂုတ်လဆန်းတွင်လည်း ကချင်ဒေသသို့ စစ်ရေးလှုပ်ရှားသည့် စစ်ကောင်စီယာဉ်တန်းနှင့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook