Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် စစ်ကောင်စီနှင့်ပေါင်းပြီး PDFများအား အမြစ်ဖြုတ်မည်ဟုကြိမ်းဝါးနေသည့် ပျူတစ်ဦး သုတ်သင်ရှင်းလင်းခံရ

မေလ ၂၂ရက်ကလည်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာတွင် Monywa Black Hunter People’s Task Forceက ရှင်းလင်းခဲ့သည်။

တောပုရွာ
တောပုရွာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်းပြီး PDF များအား အမြစ်ဖြုတ်မည်ဟုကြိမ်းဝါးနေသော ပျူစောထီးတစ်ဦး သုတ်သင်ရှင်းလင်းခဲ့ကြောင်း Black Hunter People Task Force အဖွဲ့က ပြောသည်။

ယမန်နေ့(မေလ၃၀ရက်)ညနေ ၃နာရီဝန်းကျင်က မုံရွာ – မန္တလေးလမ်း၊ ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် တောပုကျေးရွာမှ ပျူစောထီးတစ်ဦးအား Black Hunter People Task Force အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

၎င်းသည် အကြမ်းဖက်စစ်ကောင်စီ၏ ပျူသင်တန်းတက်ရောက်ထားပြီး တောပုကျေးရွာပျူအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း Black Hunter People Task Force အဖွဲ့က ပြောသည်။

၎င်းသည် လက်နက်အားကိုးဖြင့် အနီးနားရှိကျေးရွာများအား ဒုက္ခမျိုးစုံပေးခြင်း၊ ကျေးရွာနေပြည်သူများအား အော်ဟစ်ဆဲဆိုခြိမ်းခြောက်ရမ်းကားသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုလည်း စစ်ကောင်စီနှင့်ပေါင်း၍ အမြစ်ဖြတ်ရှင်းလင်းမည်ဟု ကြွေးကြော်ထားသူဖြစ်ကြောင်း Black Hunter People Task Force အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

မေလ ၂၂ရက်ကလည်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာတွင် Monywa Black Hunter People’s Task Forceက ရှင်းလင်းခဲ့သည်။

ဧပြီလ ၁၇ ရက်က မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကျင်းပပြီးချိန် လမ်းပိုင်းကင်းစောင့်ပေးနေသော ချောင်းဦးမြို့နယ် PDF အဖွဲ့မှ ရဲဘော်ငါးဦး ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ၎င်းတို့အားသတ်ဖြတ်သွားသူများတွင် တောပုရွာမှ ပျူစောထီးများပါဝင်ကြောင်း ​ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။