Connect with us

Hi, what are you looking for?

သတင်း

မြစ်ခြေမြို့နယ်အတွင်း ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးထံမှ MA 1 တစ်လက်လုယူရရှိ

“လောလောဆယ် လုယူခဲ့တဲ့နေရာကို လုံခြုံရေးအရ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ဒီကောင်က မူးပြီး ကင်းတဲ မှောက်နေတဲ့အချိန်ရရှိခဲ့တာ”ဟု MC – KC DF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

MA 1
MA 1

မကွေးတိုင်း၊ မြစ်ခြေမြို့နယ်အတွင်း ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးထံမှ MA 1 တစ်လက် လုယူရရှိခဲ့ကြောင်း မြစ်ခြေ – ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MC – KC DF)က ယနေ့(မေ ၃၁ ရက်)တွင် ထုတ်ပြန်သည်။

“လောလောဆယ် လုယူခဲ့တဲ့နေရာကို လုံခြုံရေးအရ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ဒီကောင်က မူးပြီး ကင်းတဲ မှောက်နေတဲ့အချိန်ရရှိခဲ့တာ”ဟု MC – KC DF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ထို့အပြင် လက်ရှိစစ်ရေးအရ မြေခြေမြို့နယ်ရှိ လမ်းပိုင်းအားလုံးတွင် ဖြတ်သန်းသွားလာနေသော ပြည်သူပိုင်ကားများအနေဖြင့် ကားမှန်တံခါးများအား ချပြီးမှ မောင်းနှင်ရန်လည်း MC – KC DFက အသိပေးသည်။

MC – KC DF

“အခုက စခလမ်းကြောင်းတွေရှုပ်နေတာ။ဒါကြောင့် တစ်ခုခု မှားဆွဲမိလိုက်ရင် ပြည်သူတွေ နစ်နာမှာဆိုးလို့ပါ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

သတိပေးချက်ကိုလိုက်နာမှုမရှိဘဲ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်တစ်စုံတစ်ရာဖြင့် ပတ်သက်၍ မြစ်ခြေ – ကျွန်းချောင်း(MC – KC DF)အဖွဲ့မှ လုံးဝ(လုံးဝ)တာဝန်ယူမည် မဟုတ်ကြောင်းလည်းထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ယခုလ ၂၈ရက်ကပင် မြစ်ခြေ – စဘေကားလမ်းပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ခုနှစ်ဦးခန့်သေဆုံးနိုင်ကြောင်း မြစ်ခြေ – ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC – KC DF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook