Connect with us

Hi, what are you looking for?

သတင်း

နေ့စဉ်အသက်စွန့်ပြေးလွှားနေကြရသည့် ပြည်သူများကို သတိရကာ အာဏာရှင်လက်အောက်မှ အမြန်ဆုံး လွတ်မြောက်ရေးကြိုးစားကြရန် NUG ဝန်ကြီးများကို ယာယီသမ္မတညွှန်ကြား

“မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရသည် တိုင်းပြည်ကို တည်ဆောက်နေသူများဖြစ်ပြီး ဓမ္မသမားများဖြစ်ကြပါတယ်။ ဓမ္မသားများ ပီပီ လူထုအကျိုးအတွက် အစွမ်းကုန် ကြိုးစားတိုက်ပွဲဝင် ရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

NUG ဝန်ကြီး, ယာယီသမ္မတ
NUG ဝန်ကြီး, ယာယီသမ္မတ

▪️ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးဆိုင်ရာ အစီရင် ခံစာ အားရကျေနပ်မှုရှိဟုဆို

စစ်အုပ်စုကြောင့် နေ့စဉ်အသက်စွန့်ပြေးလွှားနေကြရသည့် ပြည်သူများကိုသတိရကာ ပြည်သူတရပ်လုံး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးဆက်လက်ကြိုးစားရန်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို NUG ယာယီသမ္မတက ညွှန်ကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၅၆)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီတွင် ပြုလုပ်ခဲ့ရာ ယင်းသို့ ညွှန်ကြားခြင်းဖြစ်သည်။

“မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရသည် တိုင်းပြည်ကို တည်ဆောက်နေသူများဖြစ်ပြီး ဓမ္မသမားများဖြစ်ကြပါတယ်။ ဓမ္မသားများ ပီပီ လူထုအကျိုးအတွက် အစွမ်းကုန် ကြိုးစားတိုက်ပွဲဝင် ရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးဆိုင်ရာ အစီရင်ခံစာသည် အားရကျေနပ်မှုရှိ သကဲ့သို့ ပိုမိုကြိုးစားတည်ဆောက်ရမည့် အပိုင်းများစွာလည်းရှိကြောင်း ယာယီသမ္မတက ပြောသည်။

လက်ရှိတော်လှန်ရေးသည် မအောင်မြင်၍မရတော့ဘဲ ပန်းတိုင်အမြန်ရောက်ရန်အတွက် အစွမ်း ကုန်ကြိုးစားရန်နှင့် မိမိကိုယ့်ကို ခွန်အားပေးကြရန် ဒူဝါလရှီးလက ဆိုသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း သတင်းအချက်အလက်များ နိုင်ငံ တကာကို ထိရောက်စွာ ရောက်ရှိရန်လိုအပ်ကြောင်းနှင့် တော်လှန်ရေးကို ပြည်တွင်း လက်နက်ကိုင်များ အချင်းချင်း ဖြစ်နေသည်ဟု ပုံဖျက်ထားသော Narrative များဖြင့် နိုင်ငံတကာကို ဖြန့်နေကြသည်ကိုလည်း သတိကြီးကြီးထားရန်လိုအပ်ကြောင်း သတိပေးသည်။

“ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးက ပြည်သူ့အာဏာ ကို မတရားလုယူထားပြီး တစ်နိုင်ငံလုံးကို ဖမ်းဆီး သတ်ဖြတ်၊ ရွာတွေ မီးရှို့လုပ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်နေရတာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေကြရတာဖြစ်ပါတယ်။ သူ့ပိုင်ဆိုင်မှု၊ ကိုယ့် ပိုင်ဆိုင်မှု၊ သူ့နယ်မြေ၊ ကိုယ့်နယ်မြေဆိုပြီး အငြင်းပွားနေတဲ့ ပြဿနာမဟုတ်သလို အဖွဲ့ (၂) ဖွဲ့ကြားဖြစ်နေတဲ့ ပြဿနာလည်း မဟုတ်ပါဘူး။ လက်နက်အားကိုးနဲ့ မတရားအာဏာလုယူထားတဲ့ အကြမ်းဖက်စစ်အုပ် စုနဲ့ မတရားမှုကို လက်မခံနိုင်ဘဲ တရားမျှတမှုကို လိုလားတဲ့ ပြည်သူအားလုံးကြား ဖြစ်နေတဲ့ နိုင်ငံ့အရေး ကိစ္စတစ်ခု ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook