Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်စစ်ကောင်စီ မီးရှို့ဖျက်ဆီးသည့်နေအိမ်များတွင် ကလေး PDF မှ ရဲဘော် ၃၆ဦး၏ နေအိမ်များပါသွား

အိမ်ခြေမဲ့သွားသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၃၆ဦး၏ မိသားစုဝင်များအတွက် မိသားတစ်စုလျှင် ကျပ်ငါးသောင်းစီထောက်ပံ့လှူဒါန်းလို၍ ပြည်သူများ ဝိုင်းဝန်းကူညီပေးကြပါရန် အထက်ပါ ပြည်သူ့ရဲဘော်က မေတ္တာရပ်ခံထားသည်။

Kalay PDF တပ်ရင်းတပ်ရင်း(၄)ရဲဘော်များအား တွေ့ရစဥ်
Kalay PDF တပ်ရင်းတပ်ရင်း(၄)ရဲဘော်များအား တွေ့ရစဥ်

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် နေအိမ်များတွင် ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(Kalay PDF)တပ်ရင်း(၄)မှ ရဲဘော် ၃၆ဦး၏ နေအိမ် ၃၆လုံး ပါဝင်သွားခဲ့သည်။

“စခ(စစ်ခွေး)တွေရှို့တဲ့နေအိမ်တွေထဲ ကျွန်တော်တို့တပ်ရင်းမှရဲဘော် ၃၆ ဦးရဲ့ နေအိမ်တွေလည်းပါသွားပါတယ်။ အိုးအိမ်စည်းစိမ် စပါးကျီတွေအကုန်ပါသွားကြတာပါ။ ရဲဘော်တွေကလည်း သူတို့မိသားစုရဲ့အဓိက တာ၀န်ခံတွေဖြစ်နေကြတာများပါတယ်။ အိမ်ထောင်ဦးစီးတွေ အစ်ကိုကြီးအဖရာတွေပေါ့။ တော်လှန်ရေးထဲခြေစုံပစ်၀င်ပါထားကြတော့ သူတို့မိသားစုတွေကို တာ၀န်မယူနိူင်ကြတော့ပါဘူး” ဟု Kalay PDF တပ်ရင်း(၄)မှ ရဲဘော်တစ်ဉီးက အသိပေးသည်။

နတ်ချောင်းရွာကို ယမန်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ
နတ်ချောင်းရွာကို ယမန်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ

အိမ်ခြေမဲ့သွားသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၃၆ဦး၏ မိသားစုဝင်များအတွက် မိသားတစ်စုလျှင် ကျပ်ငါးသောင်းစီထောက်ပံ့လှူဒါန်းလို၍ ပြည်သူများ ဝိုင်းဝန်းကူညီပေးကြပါရန် အထက်ပါ ပြည်သူ့ရဲဘော်က မေတ္တာရပ်ခံထားသည်။

“ကျွန်တော်တို့တပ်ရင်းအနေနဲ့ မီးဘေးသင့်ရဲဘော်မိသားစုများအတွက် တစ်ဦးလျှင် ငါးသောင်းကျပ်နှုန်းဖြင့် ကူညီထောက်ပံ့ပေးဖို့ ကြိုးစားနေပါတယ်။ ကျနော်တို့တပ်ရင်းကိုယ်တိုင်က ဒုက္ခရောက်နေတာမို့ ပြည်သူများအနေဖြင့် မီးဘေးသင့်ရဲဘော်မိသားစုများအတွက် တစ်ဦးလျှင် ငါး သောင်းကျပ်နှုန်းဖြင့် ကူညီထောက်ပံ့ပေးကြဖို့ တောင်းဆိုပါရစေ”ဟု ၎င်းက အကူအညီတောင်းထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ကလေးမြို့နယ်ရှိ နတ်ချောင်း၊ နတ်မြောင်းနှင့် ချောင်းခွကျေးရွာအပါအဝင် ကျေးရွာ ၁၆ရွာမှ နေအိမ်ထောင်ချီ မီးရှို့ဖျက်ဆီးခဲ့ပြီး ယခုရက်ပိုင်းတွင်လည်း အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်နေသည်။ ဒေသခံအရပ်သားပြည်သူ လေးသောင်းငါးထောင်ခန့်သည် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေကြရသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ မိသားစုဝင်များက်ို ကူညီရန်အတွက် Kalay PDF တပ်ရင်း(၄)၏ ဖေ့စ်ဘွတ်စာမျက်နှာhttps://www.facebook.com/pdfkalaybn04/ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook