Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေ၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံး

စစ်ကောင်စီတပ်ဘက်မှ ဒရုန်း၊လက်နက်ကြီးများနှင့်တိုက်ခိုက်၍ (ပကဖ)တစ်ဦး ကျဆုံးကာ ရဲဘော်လေးဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

ကနီမြို့နယ်တိုက်ပွဲ
ကနီမြို့နယ်တိုက်ပွဲ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံးကြောင်း KLG PDF(ကျောက်လုံးကြီး)က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၂ ရက်) နံနက် ၈နာရီခန့်ကစ၍ တဇယ်ချောင်ရွာမှ ငါးဖျက်ကျေးရွာသို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KLG PDF(ကျောက်လုံးကြီး)အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦး သေဆုံးသည်ဟု ဆိုသည်။

ထို့နောက် နေ့လယ်၃နာရီတွင်ခန့်တွင် ငါးဖျက်ရွာအနီး KLG PDF(ကျောက်လုံးကြီး)စခန်းဝင်အစီးခံရချိန် KLG PDF(ကျောက်လုံးကြီး)ဦးစီးကာ KLG PDF၊MPDF၊မြန်မာ့တော်ဝန်နဂါးတပ်တော်(ပုလဲ ဗိုလ်နဂါး)၊DBTF၊Spring Gurellia Platoon(နွေဦးပျောက်ကြားတပ်စု)၊Alphaအဖွဲ့၊NRG၊‌ဒေသခံပကဖအဖွဲ့နှင့် ယင်းမာပင် ကနီမဟာမိတ်တပ်ပေါင်းတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည်။

ကနီမြို့နယ်တိုက်ပွဲ
ကနီမြို့နယ်တိုက်ပွဲ

စစ်ကောင်စီတပ်ဘက်မှ ဒရုန်း၊လက်နက်ကြီးများနှင့်တိုက်ခိုက်၍ (ပကဖ)တစ်ဦး ကျဆုံးကာ ရဲဘော်လေးဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“အခု ကနီထဲမှာ စစ်ကောင်စီက စစ်ကြောင်း နဗစ်ခုလောက်ထိုးနေတာ။အင်အားက ၃၀၀ ဝန်းကျင်လောက်ရှိတယ်။ဒီနေ့က ကျွန်တော်တို့တပ်ခွဲကို ဝင်စီးတာ။ စခန်းတော့ မီးရှို့ခံလိုက်ရတယ်”ဟု KLG PDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

စစ်ကောင်စီတပ် ဝင်စီးချိန်တွင် စခန်းအတွင်း ထောင်ထားခဲ့သော မိုင်းများမိခဲ့သည့်အတွက် ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက် အတိအကျမသိရသေးဟု ဆိုသည်။

KLG PDF(ကျောက်လုံးကြီး)စခန်း မီးရှို့ဖျက်စီးသဖြင့် ကျပ်သိန်း(၃၀၀) ဝန်းကျင်ခန့် ဆုံးရှုံးခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်