Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမှာ ဒီကနေ့ထိတွေ့ပစ်ခတ်မှုတွေကြောင့် ဒေသခံတစ်ရာကျော်ထွက်ပြေးတိမ်းရှောင်

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ယ်တွေပစ်ချခဲ့တာကြောင့် မဘီကြီးကျေးရွာအနီးက လူဦးရေ (၁၄၃)ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU
KNU

ကေအဲန်ယူထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ ဒီကနေ့နေ့လည်ပိုင်းက KNLA တပ်မဟာ ၃ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

KNU
KNU

ဒီကနေ့ ဇွန် ၂ ရက် နေ့လည် ၁၂ နာရီကျော်က ကျောက်ကြီးမြို့နယ် မဘီကြီးကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ နဲ့ စစ်ကောင်စီရဲ့ ခလရ(၂၀)၊ ခမရ(၁၂၄)၊ ခမရ(၄၃၉)၊ ခမရ(၃၅၀)တပ်တို့နဲ့ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုတော့ မသိရသေးဘူးလို့ ကေအဲန်ယူက ဆိုပါတယ်။

Public Service Announcement

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ယ်တွေပစ်ချခဲ့တာကြောင့် မဘီကြီးကျေးရွာအနီးက လူဦးရေ (၁၄၃)ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU
KNU

ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုတွေအပေါ် သတ်မှတ်ထားတဲ့အချိန်အတွင်း သွားလာရမယ်လို့ ညွှန်ကြားထားပြီး ဒေသခံပြည်သူတွေရဲ့သွားလာရေးကို ပိတ်ဆို့တာတွေ၊ ငွေကြေးကောက်ခံတာတွေလည်း ပြုလုပ်နေတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ် ကျွန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ပြီးနေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။