Connect with us

Hi, what are you looking for?

သတင်း

အင်္ဂပူမြို့ရှိစစ်ကောင်စီ၏အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာနဂါးညီနောင်PDF ကမိုင်းခွဲတိုက်ခိုက်

တိုက်ခိုက်မှု​ကြောင့်စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများနိုင်သည်ဟု ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျားတပ်က ထုတ်ပြန်ထားသည်။တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကသေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

အင်္ဂပူမြို့
အင်္ဂပူမြို့

အင်္ဂပူမြို့ရှိစစ်ကောင်စီ၏အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်အားအကြီးစားမိုင်း၆လုံးဖြင့်ဖောက်​ခွဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီအထိအခိုက်များနိုင်ကြောင်း ဧရာဝတီတိုင်းအခြေစိုက်ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျားတပ်ကထုတ်ပြန်သည်။

ဧရာဝတီတိုင်း၊အင်္ဂပူမြို့နယ်၊ကွင်းကောက်မြို့ရှိအမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကိုယမန်နေ့(ဇွန် ၂ရက်)ညက ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဇွန်လ၂ရက်နေ့ည၈နာရီ၁၀မီနစ်မှာအစပြုပြီးစစ်ဆေးရေးဂိတ်(အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်)ကိုခြေမှုန်းတိုက်ခိုက်ရေးမိုင်းအကြီးစားနှစ်လုံးနဲ့ စတင်တိုက်ခိုက်ပြီးစစ်ခွေးတွေထွက်လာနဲ့အချိန်မှာအဆင်သင့်ဆင်ပြီးသားမိုင်းအကြီးစားလေးလုံးထပ်မံခွဲပြီးတိုက်ခိုက်ခဲ့ပါသည်”ဟုဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျားတပ်ကထုတ်ပြန်ထားသည်။ စစ်ဆင်​ရေးသည် ယမန်​နေ့ည၈ နာရီ၁၀ မိနစ်မှစတင်ပြီး ၈ နာရီ ၃၀ အထိ့ မီနစ် ၂၀ ကြာခဲ့သည်ဟုဆိုသည်။

အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကိုတိုက်ခိုက်သည့်တစ်ချိန်တည်းတွင်ပုသိမ်-မုံရွာလမ်းမိုင်တိုင်၆၁/၆၂ကြား၊လှံထောင်ကွင်းရွာအနီးရှိ မိုင်းတယ်တာဝါတိုင်ကိုလည်း မိုင်းအကြီးစားနှစ်လုံးအသုံးပြုကာဖောက်ခွဲဖျက်စီးခဲ့သည်ဟု ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေး ပြောက်ကျားတပ် တာဝန်ခံ ဗိုလ်ဧရာနဂါးကပြောသည်။

Public Service Announcement

Public Service Announcement

“ပေါက်ကွဲသံကအကျယ်ကြီး ၆ ခါ ကြားတာ။ ပေါက်ကွဲသံထွက်ပြီး မကြာခင် စစ်ကားတွေ ထွက်သွားတာ မြင်လိုက်တယ်။ ဒဏ်ရာရသူတွေကိုသယ်တာလို့ထင်တာပဲ”ဟုအင်္ဂပူမြို့ခံတစ်ဦးကပြောသည်။

အထက်ပါတိုက်ခိုက်မှုကို ခွပ်ဒေါင်းမင်း စစ်ဆင်ရေးဟုအမည်ပေးထားသည်။ တိုက်ခိုက်မှုမပြုလုပ်ခင် နေ့လယ်ပိုင်းတွင်စစ်ကောင်စီနေရာများနှင့် ဝေးဝေးနေကြရန် ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေး ပြောက်ကျားတပ်ကလူထုအားကြိုတင်သတိပေးချက်ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်မှု​ကြောင့်စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများနိုင်သည်ဟု ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျားတပ်က ထုတ်ပြန်ထားသည်။တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကသေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်မည်ဖြစ်၍အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိရာဝန်းကျင်ကို ရှောင်ရှားနေထိုင်ကြရန် လူထုအား မေတ္တာရပ်ခံထားပြီး ” ခွပ်ဒေါင်းမင်းစစ်ဆင်ရေးအောင်​မြင်ပါတယ်။ ဆက်ပြီး စခ(စစ်ခွေး)နဲ့ရခ(ရဲခွေး)တွေကို ကြိုစားတိုက်ခိုက်သွားမည်” ဟုလည်းဗိုလ်ဧရာနဂါးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။