Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံ အားမကိုးဘဲ နိုင်ငံတကာက ပိုမိုထိရောက်ပြင်းထန်စွာလုပ်ဆောင်ဖို့ Milk Tea Alliance တိုက်တွန်း

ရေး အာဆီယံရဲ့သဘောတူဆုံးဖြတ်ချက် ၅ ရပ် ထွက်ပေါ်ခဲ့တဲ့ ရက်ပေါင်း ၁၀၀ ပြည့်မြောက်တဲ့ ဒီနေ့မှာ Milk Tea Alliance က သဘောထားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ Milk Tea Alliance အဖွဲ့ဟာ အာဆီယံရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ သဘောတူဆုံးဖြတ်ချက် ငါးရပ်လုပ်ဆောင်ဖို့နှောင့်နှေးနေတဲ့အပေါ် ပြင်းထန်စွာဝေဖန်ရှုတ်ချလိုက်ပါတယ်။

ဒေသတွင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံအချို့က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေအချင်းချင်း ချိတ်ဆက်ထားတဲ့ Milk Tea Alliance ဟာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာမှုနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို တုန့်ပြန်ဆောင်ရွက်ရာမှာ ညံ့ဖျင်းတယ်လို့ ဝေဖန်ပါတယ်။

မြန်မာ့အရေး အာဆီယံရဲ့သဘောတူဆုံးဖြတ်ချက် ၅ ရပ် ထွက်ပေါ်ခဲ့တဲ့ ရက်ပေါင်း ၁၀၀ ပြည့်မြောက်တဲ့ ဒီနေ့မှာ Milk Tea Alliance က သဘောထားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အာဆီယံဆုံးဖြတ်ချက် ၅ ရပ်ထွက်ပေါ်အပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာ အထူးကိုယ်စားလှယ်ခန့်အပ်ရေး တစ် ချက်သာ ပီပီပြင်ပြင်ထွက်ပေါ်လာသေးတာပါ။ အထူးကိုယ်စားလှယ်ခန့်အပ်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ များ အကြား ငြင်းခုံကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး ဒီနေ့မှသာ ဘရူးနိုင်နိုင်ငံခြားရေးဒုတိယဝန်ကြီးကို ခန့်အပ်လိုက်တယ်လို့ ကြေညာနိုင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့် ပိုမိုကျယ်ပြန့်တဲ့နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးဖြေရှင်းဖို့အတွက် အာဆီယံကို ဗဟိုမပြုဘဲ မြန်မာစစ်တပ်ကို အရေးယူအပြစ်ပေးဖို့အတွက် ၎င်းတို့ဘာသာ ပိုမိုထိရောက်ပြင်းထန်တဲ့နည်းလမ်းတွေနဲ့ ဆောင် ရွက်ကြဖို့ Milk Tea Alliance က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။