Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံ အားမကိုးဘဲ နိုင်ငံတကာက ပိုမိုထိရောက်ပြင်းထန်စွာလုပ်ဆောင်ဖို့ Milk Tea Alliance တိုက်တွန်း

ရေး အာဆီယံရဲ့သဘောတူဆုံးဖြတ်ချက် ၅ ရပ် ထွက်ပေါ်ခဲ့တဲ့ ရက်ပေါင်း ၁၀၀ ပြည့်မြောက်တဲ့ ဒီနေ့မှာ Milk Tea Alliance က သဘောထားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ Milk Tea Alliance အဖွဲ့ဟာ အာဆီယံရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ သဘောတူဆုံးဖြတ်ချက် ငါးရပ်လုပ်ဆောင်ဖို့နှောင့်နှေးနေတဲ့အပေါ် ပြင်းထန်စွာဝေဖန်ရှုတ်ချလိုက်ပါတယ်။

ဒေသတွင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံအချို့က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေအချင်းချင်း ချိတ်ဆက်ထားတဲ့ Milk Tea Alliance ဟာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာမှုနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို တုန့်ပြန်ဆောင်ရွက်ရာမှာ ညံ့ဖျင်းတယ်လို့ ဝေဖန်ပါတယ်။

မြန်မာ့အရေး အာဆီယံရဲ့သဘောတူဆုံးဖြတ်ချက် ၅ ရပ် ထွက်ပေါ်ခဲ့တဲ့ ရက်ပေါင်း ၁၀၀ ပြည့်မြောက်တဲ့ ဒီနေ့မှာ Milk Tea Alliance က သဘောထားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အာဆီယံဆုံးဖြတ်ချက် ၅ ရပ်ထွက်ပေါ်အပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာ အထူးကိုယ်စားလှယ်ခန့်အပ်ရေး တစ် ချက်သာ ပီပီပြင်ပြင်ထွက်ပေါ်လာသေးတာပါ။ အထူးကိုယ်စားလှယ်ခန့်အပ်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ များ အကြား ငြင်းခုံကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး ဒီနေ့မှသာ ဘရူးနိုင်နိုင်ငံခြားရေးဒုတိယဝန်ကြီးကို ခန့်အပ်လိုက်တယ်လို့ ကြေညာနိုင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့် ပိုမိုကျယ်ပြန့်တဲ့နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးဖြေရှင်းဖို့အတွက် အာဆီယံကို ဗဟိုမပြုဘဲ မြန်မာစစ်တပ်ကို အရေးယူအပြစ်ပေးဖို့အတွက် ၎င်းတို့ဘာသာ ပိုမိုထိရောက်ပြင်းထန်တဲ့နည်းလမ်းတွေနဲ့ ဆောင် ရွက်ကြဖို့ Milk Tea Alliance က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားချိန်မှာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်အောင် ရေရှည် ဖြေရှင်းပေးနိုင်မယ့် အဖြေတစ်ခု ကူညီ ရှာဖွေပေးသွားမယ်လို့ မလေးရှား အစိုးရက ပြောပါတယ်။

သတင်း

ဒေသတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ဖိဖိစီးစီး တိုက်ဖျက်ဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေကို တရုတ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအ​နေဖြင့် စိုးရိမ်မှုမြင့်တက်နေချိန်တွင် တရုတ်ကွန်မြူနစ်ပါတီထိပ်တန်းခေါင်းဆောင်များ၊ အစိုးရအရာရှိများ၊ ပညာရှင်များ၊ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူများက တံခါးပိတ်ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြောင်း အိန္ဒိယအခြေစိုက် The Economic Times သတင်းဌာနက ဖော်ပြသည်။

သတင်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၁၉နဲ့ ၂၀ရက်တွေမှာ ဆွေးနွေးပွဲတွေကျင်းပနေခြင်းဖြစ်ပြီး မနက်ဖြန်(ဒီဇင််ဘာ ၂၀ရက်)ဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။