Connect with us

Hi, what are you looking for?

သတင်း

သထုံခရိုင်ထဲက စစ်ဘေးရှောင် သုံးထောင်ကျော်အတွက် အကူအညီတွေလိုအပ်နေ

အခုချိန်ဟာ မိုးတွင်းကာလဖြစ်လို့ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အခက်အခဲများစွာကြုံတွေ့နေရကြောင်း ကေအဲန်ယူ သထုံမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သထုံးခရိုင် စစ်ဘေးရှောင်
သထုံးခရိုင် စစ်ဘေးရှောင်

ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ ၁ သထုံခရိုင်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့အဆက်မပြတ် ပစ်ခတ်မှုကြောင့် ကျေးရွာလေးရွာက ဒေသခံပြည်သူ(၃၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဇွန်လ ၁ ရက်နေ့ကစပြီး ဒီကနေ့ ဇွန် ၉ ရက်အထိ စစ်ကောင်စီရဲ့ ခမရ(၉)ဝီယော်စခန်းကနေ လက်နက်ကြီးတွေနဲ့အဆက်မပြတ် ပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူ-သထုံမြို့နယ် ဝီယော်ကျေးနယ်အုပ်စုရှိ ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေးနဲ့ ထုံဘိုးကြီးကျေးရွာလေးရွာက ဒေသခံပြည်သူ(၃၀၀၀) ကျော်ဟာ အနီးအနားကျေးရွာက ဆွေမျိုးများထံ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တချို့ကတော့ နီးစပ်ရာမြို့တွေမှာ သွားရောက်ခိုလှုံနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုချိန်ဟာ မိုးတွင်းကာလဖြစ်လို့ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အခက်အခဲများစွာကြုံတွေ့နေရကြောင်း ကေအဲန်ယူ သထုံမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“မိုးတွင်းဆိုတော့ နေရာထိုင်ခင်းအခက်အခဲ၊ မိုးလုံ၊ အခြေခံအစားအစာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးများ အရေးပေါ်လိုအပ်တယ် ခြင်လည်းပေါတော့ တုတ်ကွေးလည်းကြောက်ရတယ်” လို့ အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သထုံးခရိုင် စစ်ဘေးရှောင်
သထုံးခရိုင် စစ်ဘေးရှောင်

ကေအဲန်ယူ-သထုံမြို့နယ်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှု မကြာခဏရှိနေပြီး ဇွန် ၁ ရက်နေ့ကစတင်ကာ ဝီယော်ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခမရ(၉) တပ်စခန်းကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာဟာ ဒီကနေ့အချိန်အထိဖြစ်တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။