Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့​သော​နေအိမ်၆၀ကို မုံရွာတကသကတစ်အိမ်​ထောင်လျှင်ကျပ်​လေး​သောင်းကူညီ

ပထမရွာတွင် အိမ်ခြေ (၄၁)အိမ်စာအတွက်ကျပ် ၁၆ သိန်း​ကျော်( ၁,၆၄၀,ဝ၀၀ )ကူညီထောက်ပံ့ခဲ့ပြီး ဒုတိယရွာတွင် အိမ်ခြေ (၁၉) အိမ်စာအတွက် ၇၆၀,၀၀၀ ပေးအပ်လှူဒါန်းကူညီပေးခဲ့ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပြောသည်။

(မုံရွာ တကသ ကစစ်​ဘေး မီး​ဘေးသင့်ပြည်သူများကို ကူညီစဥ် /အကြမ်းဖက်စစ်တပ်မီးရှို့ခဲ့​သော​နေအိမ်များ။ ဓါတ်ပုံ - မုံရွာတကသ)
(မုံရွာ တကသ ကစစ်​ဘေး မီး​ဘေးသင့်ပြည်သူများကို ကူညီစဥ် /အကြမ်းဖက်စစ်တပ်မီးရှို့ခဲ့​သော​နေအိမ်များ။ ဓါတ်ပုံ - မုံရွာတကသ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော အိမ်ထောင်စုများအားတစ်အိမ်ထောင်လျှင် ကျပ်လေးသောင်းနှုန်းဖြင့်အိမ်ခြေ ၆၀ကို ကူညီထောက်ပံ့ခဲ့ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက သတင်းထုတ်ပြန်သည်။

မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ကအလှူရှင်အဖွဲ့တစ်ဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့်ချောင်းဦးမြို့နယ်ရှိကျေးရွာ ၂ရွာမှစစ်ဘေးရှောင် ပြည်သူအချို့နှင့်တွေ့ဆုံခဲ့သည်။

မီးရှို့ခံခဲ့ရသော အိမ်ထောင်စုများထံသို့ တစ်အိမ်ထောင်လျင် (၄၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း အိမ်ခြေ ၆၀ စာ ထောက်ပံ့ကူညီခဲ့ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ယ​နေ့ခုတ်ပြန်အသိပေးသည်။

ပထမရွာတွင် အိမ်ခြေ (၄၁)အိမ်စာအတွက်ကျပ် ၁၆ သိန်း​ကျော်( ၁,၆၄၀,ဝ၀၀ )ကူညီထောက်ပံ့ခဲ့ပြီး ဒုတိယရွာတွင် အိမ်ခြေ (၁၉) အိမ်စာအတွက် ၇၆၀,၀၀၀ ပေးအပ်လှူဒါန်းကူညီပေးခဲ့ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပြောသည်။

Public Service Announcement

Public Service Announcement

“ချောင်းဦးမြို့နယ်ထဲမှာဆိုရင် စကစ နဲ့ ပျူတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို အကြမ်းဖက်ဖမ်းစီး သတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်​ဆီးတာတွေကို ဒီနှစ်ကာလ အစောပိုင်းကာလကနေစပြီး ဒီနေ့ ဒီအချိန် အထိ ပြုလုပ်နေတာဖြစ်တယ်။ ပြည်သူတွေဟာလည်းအဲဒီဒုက္ခဆိုးတွေကို အကောင်းဆုံးခါးဆီးခံရင်းတော်လှန်ရေးကိုဆက်လုပ်နေကြတယ်ဖြစ်တယ်၊ကျနော်တို့ ပြည်သူတွေအနေနဲ့ ဒီလိုဒုက္ခသည်တွေကို အားပေးကူညီသင့်ပါတယ်။”ဟုမုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၁၅ လတာကာလအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှ နေအိမ် ၁၃,၈၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ဖော်ပြထားသည်။ ဧပြီလကုန်ပိုင်းအထိ အိမ်ခြေ ၇,၅၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး မေလတစ်လတည်းတင်စစ်တပ်က အိမ်ခြေ ၆,၃၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်