Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယ − အာဆီယံ နိုင်ငံရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီကိုမဖိတ်ဖို့ အိန္ဒိယ ဆုံးဖြတ်

အစည်းအဝေးမှာ မြန်မာထိုင်ခုံကိုအလွတ်ထားမှာဖြစ်ပြီး နိုင်ငံရေးအရ ကိုယ်စားမပြုသူအဆင့်ကိုပဲအိန္ဒိယက ဖိတ်ကြားမှာပါ။

ဓာတ်ပုံ − AFP
ဓာတ်ပုံ − AFP

လာမယ့်ရက်သတ္တပတ်အတွင်းကျင်းပမယ့် အိန္ဒိယ − အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ အာဏာသိမ်းမြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို မဖိတ်ဖို့ အိန္ဒိယဘက်က ဆုံးဖြတ်လိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆန္ဒအတိုင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကိုမဖိတ်ဖို့ အိန္ဒိယဘက် က ဆုံးဖြတ်လိုက်ကြောင်း အိန္ဒိယအခြေစိုက် The Economic Times ကဖော်ပြပါတယ်။

အစည်းအဝေးမှာ မြန်မာထိုင်ခုံကိုအလွတ်ထားမှာဖြစ်ပြီး နိုင်ငံရေးအရ ကိုယ်စားမပြုသူအဆင့်ကိုပဲအိန္ဒိယက ဖိတ်ကြားမှာပါ။

အိန္ဒိယ − အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဇွန်လ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီအစည်းအဝေးဟာ အာဆီယံ ဒေသတွင်းနိုင်ငံတွေကို အင်ဒို −ပစိဖိတ်ဒေသရဲ့ မဟာဗျုဟာမြောက်အစိတ်အပိုင်း အဖြစ်ထိတွေ့ဆက်ဆံမှုတွေပိုလုပ်ဖို့နဲ့ ဒေသတွင်း တရုတ်ရဲ့ ခြေလှမ်းကို တန်ပြန်နိုင်ဖို့ အိန္ဒိယက လက်ခံကျင်းပတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။