Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယ − အာဆီယံ နိုင်ငံရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီကိုမဖိတ်ဖို့ အိန္ဒိယ ဆုံးဖြတ်

အစည်းအဝေးမှာ မြန်မာထိုင်ခုံကိုအလွတ်ထားမှာဖြစ်ပြီး နိုင်ငံရေးအရ ကိုယ်စားမပြုသူအဆင့်ကိုပဲအိန္ဒိယက ဖိတ်ကြားမှာပါ။

ဓာတ်ပုံ − AFP
ဓာတ်ပုံ − AFP

လာမယ့်ရက်သတ္တပတ်အတွင်းကျင်းပမယ့် အိန္ဒိယ − အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ အာဏာသိမ်းမြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို မဖိတ်ဖို့ အိန္ဒိယဘက်က ဆုံးဖြတ်လိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆန္ဒအတိုင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကိုမဖိတ်ဖို့ အိန္ဒိယဘက် က ဆုံးဖြတ်လိုက်ကြောင်း အိန္ဒိယအခြေစိုက် The Economic Times ကဖော်ပြပါတယ်။

အစည်းအဝေးမှာ မြန်မာထိုင်ခုံကိုအလွတ်ထားမှာဖြစ်ပြီး နိုင်ငံရေးအရ ကိုယ်စားမပြုသူအဆင့်ကိုပဲအိန္ဒိယက ဖိတ်ကြားမှာပါ။

အိန္ဒိယ − အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဇွန်လ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီအစည်းအဝေးဟာ အာဆီယံ ဒေသတွင်းနိုင်ငံတွေကို အင်ဒို −ပစိဖိတ်ဒေသရဲ့ မဟာဗျုဟာမြောက်အစိတ်အပိုင်း အဖြစ်ထိတွေ့ဆက်ဆံမှုတွေပိုလုပ်ဖို့နဲ့ ဒေသတွင်း တရုတ်ရဲ့ ခြေလှမ်းကို တန်ပြန်နိုင်ဖို့ အိန္ဒိယက လက်ခံကျင်းပတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။