Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေနိုင်ဟုဆို

စစ်ကောင်စီတပ်သည် အလစ်အငိုက်တိုက်ခိုက်ခံရပြီးနောက် ဝရုန်းသုန်းကားဖြစ်နေစဥ် ဂျန်ပါကြောင့် ခွဲမရသောမိုင်းကြိုးများကို ခလုတ်တိုက်မိကုန်ရာ စစ်ကြောင်း၏ အလယ်တွင် မိုင်း သုံးလုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား ငါးဦး ထပ်တိုး သေဆုံးနိုင်ကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

(မြောင်နယ်အတွင်း စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် MUA အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)
(မြောင်နယ်အတွင်း စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် MUA အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် နံနက်ဝေလီဝေလင်းအချိန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များသည် မဟာမိတ်ပူးပေါင်းအဖွဲ့များ၏ အလစ်အငိုက်တိုက်ခိုက်မှုခံခဲ့ရပြီး အကြမ်းဖက်စစ်သား ၁၅ဦးခန့်သေဆုံးနိုင်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM အဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၆ ရက်တွင် မြောင်မြို့နယ်မှ ရေစကြိုမြို့နယ်သို့ ထွက်ခွာသွားခဲ့ပြီးနောက် ယမန်နေ့ (ဇွန်လ ၉ ရက်) နံနက် ၄နာရီအချိန်တွင် အင်အား ၁၂၀ဝန်းကျင်ဖြင့် မြောင်နယ်သို့ ပြန်လည်ဦးတည်လာခဲ့သည်။

နံနက် ၆နာရီအချိန်တွင် ထိုစစ်ကြောင်းအား မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် အလစ်အငိုက်တိုက်ခိုက်ခံရပြီးနောက် ဝရုန်းသုန်းကားဖြစ်နေစဥ် ဂျန်ပါကြောင့် ခွဲမရသောမိုင်းကြိုးများကို ခလုတ်တိုက်မိကုန်ရာ စစ်ကြောင်း၏ အလယ်တွင် မိုင်း သုံးလုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား ငါးဦး ထပ်တိုး သေဆုံးနိုင်ကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် အကြမ်းဖက်စစ်တပ်ဘက်မှ (၆၀)မမ၊ (၄၀)မမ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသော်လည်း မဟာမိတ်တပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ပေါင်တွင် (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇရပ်နီရွာအနီးဖြတ်ကာ အိမ်နှစ်လုံးအား မီးရှို့ခဲ့ကြကြောင်း၊ ထို့နောက် မြောင်မြို့နယ်၊ မင်းလှရွာသို့ရောက်ရှိကာ အဆိုပါ ရွာမှအမျိုးသား သုံးဦးအားဖမ်းဆီးထားကြောင်း၊ ဒဏ်ရာရအကြမ်းဖက်စစ်ကောင်စီတပ်သားများအား မင်းလှရွာ ဘုန်းကြီးကျောင်းတွင်ဆေးကုသနေကြောင်း မြောင် CDSOM အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်သည် မြစ်ဆုံရွာဘက်ခြမ်း ထန်းတောများအတွင်း အကြမ်းဖက်စစ်သား ငါးဦးခန့်နှင့် မင်းလှရွာဘေးများတွင် ကင်းပုန်းများချထားကြောင်း၊ စစ်ကောင်စီတပ်သည် နမော့သာခေါင်(ရေလယ်ကျွန်း)၊ မင်းလှ၏ တောင်ဘက်၊ ပန်းညိုနှင့်ညောင်ကားယား(မြောင်နယ်)၊ မြစ်ဆုံရွာ(မြောင်နယ်) ဘက်သို့ဆက်လက်ထွက်ခွာမည်ဟု မြောင် CDSOM အဖွဲ့က ခန့်မှန်းသည်။

အထက်ပါ မဟာမိတ်များပူးပေါင်းစစ်ဆင်ရေးကို ဗိုလ်ကျားသစ်အဖွဲ့(CDSOM ၏ တောင်ပိုင်းခေါင်းဆောင်)၊ ပြည်သူ့တပ်မတော်(မြောင်)၊ Myaung Union Army-MUA၊ PDF-TALOKE၊ GGG၊ MGN RANGER၊MGN 35၊ MGN 21 နှင့် SHWE OH အဖွဲ့(CDSOM တောင်ပိုင်း)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMက အသိပေးသည်။

စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့် မြောင်မြို့နယ်တွင် ဒေသတွင်းအဖွဲ့များသာမက မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့ဘက်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပါ လာရောက်ပူးပေါင်းတိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်