Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်သို့ ရောက်နေသော စစ်ကောင်စီတပ်သားသုံးဦး ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေ

ယနေ့နေ့လယ် ၁ နာရီခန့်က မြောင်နယ် ပန်းညိုရွာသို့ရောက်နေသော စစ်သားများသည် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာ တစ်ယောက်မှာ ရေနစ်သွားသဖြင့် နှစ်ယောက်က ဆင်းပြီးဆယ်ရာသုံးယောက်လုံး ရေနက်သေဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြောင်မြို့နယ်
မြောင်မြို့နယ်

မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်မှ တပ်သားသုံးဦးသည် ယနေ့(ဇွန် ၁၁)နေ့လယ်ပိုင်းက ဧရာဝတီမြစ်အတွင်းရေ ဆင်းကူးစဥ် ရေနစ်သေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့(CDSOM)က ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၁ နာရီခန့်က မြောင်နယ် ပန်းညိုရွာသို့ရောက်နေသော စစ်သားများသည် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာ တစ်ယောက်မှာ ရေနစ်သွားသဖြင့် နှစ်ယောက်က ဆင်းပြီးဆယ်ရာသုံးယောက်လုံး ရေနက်သေဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ဒီကောင်တွေက မနေ့(ဇွန် ၁၀)ညနေထဲက ပန်းညိုရွာကို ရောက်နေတာဗျ။ အဲဒါကို ဒီနေ့နေ့ လယ်ပိုင်ရောက်တော့ ဧရာဝတီမြစ်ထဲ ရေဆင်းကူးရင်း သုံးယောက်လုံးရေနစ်​သေသွားတာ”ဟု CDSOM မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနွေဦးက ပြောသည်။

ထိုကိစ္စကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ပန်းညိုရွာ၌ပင် ညအိပ်တပ်စွဲထားနိုင်ခြေရှိကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်မှ ယခုရက်ပိုင်းအတွင်း မြောင်မြို့နယ်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဝင်ရောက်သောင်းကျန်းလျက်ရှိရာ မြောင်တောင်ပိုင်းသို့ဝင်နေသည့်စစ်ကြောင်းမှာ ပခုက္ကူဘက်ကူးသွားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။